Part 6 💘

35.7K 3.2K 143
                                    

Zawgyi..

၅ရက်လောက် ရှမ်းပြည်မှာ အေးဆေး
ခေါင်းဆေးပြီးနောက် စေမိုရ် ရန်ကုန်ကို
ပြန်လာခဲ့သည်။ ရန်ကုန်ရောက်တော့ လူမရှိတဲ့ အိမ်ထဲ
ခြေချမိတာနဲ့ အေးစက်မှုတွေရော စိတ်ညစ်ညူးခြင်း
တွေပါ တခါတည်းပေါင်းစုံသွားရတော့သည်။

လက်ထဲမှာ ခရီးဆောင်အိတ်ရယ် ခြင်းတောင်းလေး
တခုရယ်ကိုကိုင်ထားတယ်။ ဆိုဖာရှေ့က စားပွဲပေါ်
ခြင်းတောင်းလေးတင်လို့ ဂျက်ဖွင့်လိုက်တော့
အထဲကကြောင်ဖြူလေးက ထွက်လာတယ်။

အိမ်ထဲ လှည့်ပတ်ရင်း စေမိုရ့်ကို အစာ
တောင်းနေတယ်။ စေမိုရ်လည်း ဦးဇွဲအတွက် နေ့လည်စာချက်ရင်း ကြောင်စားဖို့ပါ တပါတည်း
လုပ်ပေးလိုက်တယ်။

စေမိုရ်ပြန်ရောက်နေတာ ဘယ်သူမှ မသိသေးပေ။
စေမိုရ်ပြန်ရောက်တော့ ဦးဇွဲမရှိတော့ အလုပ်သွားပြီထင်တယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ပိတ်ရက်
ဖြစ်တာမို့ ဦးဇွဲအတွက် နေ့လည်စာကို
ချက်ပြုတ်နေလိုက်သည်။

နေ့လည်စာရတာနဲ့ ကြောင်ဖြူလေးကိုပါ
ကားပေါ်တင်လို့ Pet Clinic ဆီတခါတည်း
ခေါ်သွားဖို့လုပ်ရသည်။ ဆေးစစ် ကာကွယ်ဆေးထိုးတာကကြာမှာမို့ စေမိုရ်လည်း Company ကအပြန်ကျမှ
ဝင်တော့မယ်လို့ တွေးမိတယ်။

ကြောင်ဖြူလေးကို ကားထဲ ခဏထားခဲ့ပြီး ဦးဇွဲ
အတွက် ချိုင့်ပေးဖို့ ရုံးခန်းကိုတက်လာတော့
မမေသူလည်းမရှိသလို ဦးဇွဲလည်းမရှိဘူး။
ဒါကြောင့် မမေသူစားပွဲပေါ်တင်ထားခဲ့မယ်
ဆိုတဲ့ အတွေးနဲ့ ချိုင့်ကိုလှမ်းတင်လိုက်တဲ့အချိန်
မျက်လုံးမှာ မြင်လိုက်ရတာ လက်ပတ်ဒီဇိုင်းလေးတွေ။
Company နှစ်ပတ်လည်အတွက် လက်ဆောင်ပုံစံ
စာရင်းတွေပင်။ 

စေမိုရ်လည်း စိတ်ဝင်သွားတော့ တချက်ယူကြည့်ရင်း
တနေရာအရောက် လက်စွပ်ဒီဇိုင်းမှာ ရပ်တန့်သွားတယ်။
လက်စွပ်က 1st Anni မှာ ဦးဇွဲပေးခဲ့တဲ့ လက်စွပ်နဲ့
တထပ်တည်းပင်။

SM လို့ရေးထိုးထားတဲ့ ဗြောင်ပလက်တီနမ်
လက်စွပ်လေး။ အာမဟုတ်ဘူးပဲ ငွေအပေါ်
ပလက်တီနမ်မှုတ်ထားတဲ့ လက်စွပ်ပဲ။ SM လို့
ရေးထိုးထားပြီး အရှည်ကောက်က (Stay Motivate) တဲ့။

My Naughty Son's Daddy[Complete]Where stories live. Discover now