Part 12 💘

33.8K 2.8K 377
                                    

Zawgyi...

စေမိုရ်လည်း အလုပ်စနေတာ ၄လရှိရော့မယ်။
တရက်တော့ အလုပ်သွားခါနီး စတော်ဘယ်ရီကိုချဉ်ခြင်းတက်လာတာမို့လို့ အိမ်နားက စူပါမားကတ်ကို ဝင်ပြီး
စတော်ဘယ်ရီဝင်ဝယ်ဖို့လုပ်သည်။

လမ်းလျှောက်လာရင်းနဲ့ တွေ့လိုက်ရတာက
ဟောင်းနွမ်းနေတဲ့ အသေးစား ဖိနပ်ချုပ်တဲ့ စက်ရုံပင်။
စက်ရုံကဟောင်းနေပေမယ့် ဘေးမှာ မြေလွတ်
တွေကျန်သေးသည်။ အခုဆိုရင် စေမိုရ်က
ဗိုက်တစ်လုံးနဲ့ဖြစ်လာတဲ့အပြင် ကလေးစရိတ်ကပါ
ပါလာတော့မည်။

ဒါကြောင့် ကိုယ်ပိုင် ဖက်ရှင်ဆိုင်လေးဖွင့်ချင်လှသည်။
ကိုယ်ပိုင်ဆိုင်ဆို ကလေးတဖက်နဲ့
ဆိုလည်းကိစ္စမရှိ။ ကလေးထိန်းရင်းဆိုင်
ထိုင်လို့ရသည်။ ညနေရုံးဆင်းပြီဆို ဒီဇိုင်နာ
သင်တန်း အပြေးတက်သေးတာ။ ဒီမှာက ဒီဇိုင်နာ
ကျောင်းဆို ဈေးက မြောက်တက်နေတာ စေမိုရ်
အတွက် တပြား၂ပြား ခွာနေရတဲ့အချိန်မှာ
ကျောင်းတက်ဖို့ မဖြစ်နိုင်။

စက်ရုံကအသေးစားမို့ ဘယ်လောက်မှမကျယ်ပေမယ့်
စေမိုရ်နဲ့  Lucky လေးအတွက်ဆို အဆင်ပြေ
လောက်သည်။ ~For Sale ~ လို့ကပ်ထားတာမို့
ပေးထားတဲ့ ဖုန်းနံပါတ်ကို ဆက်ကြည့်လိုက်သည်။

"ဟဲလို...Blue Island အိမ်ခြံမြေလုပ်ငန်းကပါ..
ဘာများကူညီပေးရမလဲ.."

"ဟုတ်ကဲ့ Huston မိန်းလမ်းမပေါ်က ဖိနပ်စက်ရုံ
အဟောင်းကို အရောင်းတင်ထားတာ
တွေ့လို့ပါ...ကျွန်တော် တချက်လောက်ကြည့်ချင်လို့ ဒီတစ်ပတ်ပိတ်ရက်လောက် ကြည့်လို့ရမလား.."

"ရပါတယ်..ဆက်သွယ်ရမယ့် ဖုန်းနံပါတ်နဲ့ နာမည်
လေးပြောပေးပါနော်..."

" မစ္စတာ စေမိုရ် / 281-1-0 ××××ပါ..."

"ဒီတစ်ပတ်ပိတ်ရက် မနက် 11 နာရီတွေ့ပါမယ်...."

"ကောင်းပါပြီ.."

မြေအောက်ရထားနဲ့ဆို ဘယ်လောက်မှ မကြာတာမို့
စေမိုရ်လည်း မြေအောက်ရထား စောင့်နေလိုက်သည်။
အလုပ်ချိန်မို့ မြေအောက်ရထားက တကယ်ကြပ်ပါသည်။
စေမိုရ်လည်း တက်မလို့ ခြေအလှမ်းနောက်ကနေ
တိုးလိုက်တာကြောင့်ရှေ့ကို ပြုတ်ကျသွားရတော့သည်။

My Naughty Son's Daddy[Complete]Where stories live. Discover now