အပိုင်း-၁

434 49 5
                                    

🦊🌕

ငါ ခါတိုင်းလိုပဲ လီချန်းရင်နဲ့ ရန်ဖြစ်ခဲ့ပြန်ပြီ။

ငါတို့စကားများတဲ့အခါတိုင်း သူအမြဲတမ်းငါ့ကိုအဖက်မလုပ်ဘူး ပြီးတော့ တခြားသူတွေကိုလည်းငါနဲ့စကားပြောဖို့ခွင့်မပြုဘူး။
ငါအရမ်းအရမ်းကိုပျင်းလာတဲ့အခါငါ ကစားဖို့အတွက်အပြင်ကိုခိုးထွက်‌ လေ့ရှိတယ်။အားတုလည်း အမြဲငါ့‌နောက်ကိုလိုက်တယ် ။ငါဘယ်နေရာကိုသွားသွား အားတုက ငါ့ဘေးမှာအမြဲ ရှိတယ် ။အားတုကငါ့အတွက် အရိပ်တစ်ခုလိုပဲ လုံးဝဖယ်ရှားလို့မရနိုင်ဘူး။
ကံကောင်းတာက ငါ ဒီအားတုကို မမုန်းဘူး ။
နည်းနည်းလေးအနှောက်အယှက်ဖြစ်တာကလွဲရင် သူမက တခြားဟာတေွအကုန်လုံးကောင်းတယ်။
သူမကသိုင်းပညာတောင်တတ်သေးတယ်။
အဲ့တာက လူဆိုး‌တွေနဲ့ရန်ဖြစ်ရင်အသုံးဝင်တာပေါ့။

ငါတို့တွေ လက်ဖက်ရည်ဆိုင်ကို ပုံပြင်တွေ‌နားထောင်ဖို့သွားခဲ့တယ်။
 
ပုံပြင်ပြောတဲ့သူက အရမ်းကိုစိတ်ဝင်စားအောင်ပြောတတ်တယ်။

သူပြောတာ မိုင်ပေါင်းများစွာကနေ မသေမျိုးသိုင်းသမားက တစ်ယောက်ယောက်ကိုကယ်တင်တဲ့ အပိုင်းနားရောက်တော့
ငါအားတုကို မေးလိုက်တယ် " နင်.. မသေမျိုးသိုင်းသမား‌တွေ ဒီကမ္ဘာမှာရှိတယ်ဆိုတာယုံလား"

အားတု သူမခေါင်းကိုခါတယ်။

အဲ့တာက အမှန်မဖြစ်နိုင်ဘူးလို့တော့ ငါလည်းထင်ပါတယ်လေ။
ဒီကမ္ဘာပေါ်မှာ သေချာပေါက် သိုင်းပညာကျွမ်းကျင်သူတွေရှိတယ် ။ အားတု ဆိုရင် ရွှေရောင်ဓားကောက်ကို ကိုင်တယ် ။ငါသူမ သိုင်းချတာ မြင်ဖူးတယ် လျှပ်စီးလိုပဲလျှင်မြန်တယ်။
ဒါပေမဲ့ မိုင်ပေါင်းများစွာကနေ အသက်တွေကိုကယ်တင်ဖို့ကတော့ ငါထင် အဲ့တာကအရမ်းကို ပိုလွန်းတာသက်သက်မဟုတ်ဘူးလား။
......
ငါတို့ အရက်ဆိုင်ကနေထွက်လာကြတဲ့အခါ , လူတစ်စုဝိုင်းအုံနေတာကိုတွေ့လိုက်ရတယ်။
ငါရဲ့ မွေးရာပါဗီဇ ကိုက ကိစ္စတွေကိုဝင်ပါရတာ ကြိုက်တဲ့လူဖြစ်တဲ့အတွက် သဘာဝကျကျပဲ ဘာဖြစ်နေတာလဲကြည့်ဖို့ တိုး‌ဝှေ့ သွားလိုက်တဲ့အခါ။

ငါတို့ အရက်ဆိုင်ကနေထွက်လာကြတဲ့အခါ , လူတစ်စုဝိုင်းအုံနေတာကိုတွေ့လိုက်ရတယ်။ငါရဲ့ မွေးရာပါဗီဇ ကိုက ကိစ္စတွေကိုဝင်ပါရတာ ကြိုက်တဲ့လူဖြစ်တဲ့အတွက် သဘာဝကျကျပဲ ဘာဖြစ်နေတာလဲကြည့်ဖို့ တိုး‌ဝှေ့ သွားလိုက်တဲ့အခါ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Eastern Palace (Goodbye my princess Myanmar Translation)Where stories live. Discover now