အပိုင်း ၁၃

137 30 0
                                    

东宫 Eastern Palace: Chapter 13

ငါဓားကိုကောက် ဖို့လုပ်လိုက်ပေမဲ့ ၊ သူက ဓားကိူလွင့်ထွက်သွားအောင်ကန်ထုတ်ပစ်လိုက်ပြီ ။

စိတ်တိုလွန်းလို့ သူ့ကို ပါးချပစ်ချင်တဲ့အထိပဲ ၊ ဒါပေမဲ့သူကငါ့လက်ကောက်ဝတ်ကို ဖမ်းမိသွားပြီး ချုပ်ကိုင်ထားတယ် ။

မီးတောက်နေတဲ့အကြည့်မျိုးနဲ့
" ရှင် သူမကိုမကယ်တင်ချင်ဘူးဆိုရင်လည်း ၊ အမြန်သာထွက်သွားတော့၊ ရှင့်ကို နောက်ထပ်ဘယ်တော့မှ မတွေ့ချင်ဘူး !"

ကူကျန်းက ငါ့ကို ကြည့်ရင်း သက်ပြင်းချလိုက်ပြီး

" စိတ်မပူပါနဲ့ ၊ ငါ သူမကို သွားကယ်မှာပါ "

အားတု အခန်းက လူတွေကို ပထုတ်လိုက်ဖို့ဆင်ခြေတစ်ခု အသုံးပြုပြီးတော့ ၊ကူကျန်းကို ဝင်လာခဲ့ဖို့ ပြတင်းပေါက်ကနေ အချက်ပြလိုက်တယ် ။

ကူကျန်း ပြတင်းပေါက်ကနေ အသံတစ်ချက် မထွက်စေပဲ ခုန်ဝင်လာပြီး ၊ အားတုရဲ့ဒဏ်ရာအခြေအနေကို သေချာစစ်ဆေးပေးနေတယ် ။

"ဒီလူကြောင့် ဖြစ်တဲ့ ဒဏ်ရာတွေက အရမ်းကိုပြင်းထန်လွန်းတဲ့ အတွက် သူမရဲ့ သွေးကြောတွေပျက်စီးလုနီးပါးပဲ " လို့ ကူကျန်းကပြောတယ် ။

ငါ ရင်တုန်ပန်းတုန် ဖြစ်နေပြီ ။

"ဒါပေမဲ့ ငါ့မှာသူမကိုကယ်တင်ဖို့နည်းလမ်းရှိတယ် "

သူငါ့ကိုတစ်ချက်ကြည့်လိုက်ပြီး

" ဒါပေမဲ့ တကယ်လို့ ငါသူမကို ကယ်တင်လိုက်ရင် ၊ မင်းငါ့ကို ဘယ်လို ကျေးဇူးဆပ်မှာလဲ ?"

ငါအလောတကြီးနဲ့ပဲ " အရေးကြီးတဲ့ အချိန်မှာတောင် ဒီလိုစကားပြောနေသေးတယ် ။ တကယ်လို့ ရှင်သာအားတုကိုကယ်တင်ပေးမယ်ဆိုရင် ၊ ရှင်လိုချင်သလောက် ပိုက်ဆံ ကျွန်မပေးမယ် "

"ပိုက်‌ဆံကို ဘာလုပ်ဖို့အတွက် ငါက လိုချင်ရမှာ‌လဲ ? မင်းက ငါ့ကို အထင်သေးနေတာပဲ " လို့‌သူကပြောတော့ ၊

"ရှင် ဘာလိုချင်တာလဲ ? "လို့ငါပြန်မေးလိုက်တယ် ။

သူကရယ်လိုက်ရင်းနဲ့ " တကယ်လို့ ....တကယ်လို့ မင်းငါ့ကိုနမ်းရင် ".

Eastern Palace (Goodbye my princess Myanmar Translation)Where stories live. Discover now