အပိုင်း ၁၇.၁

116 29 4
                                    

东宫 Eastern Palace: Chapter 17

ဘာလို့ ယောင်္ကျားလေးတွေက ဒီလိုအကျင့်တွေချည်းပဲ ရှိနေကြတာလဲ ?

ငါကတော့ မလိုက်လျောပေးနိုင်ပါဘူး ။

" နင်မနေ့ကငါ့ကိုအကြိမ်ပေါင်းများစွာနမ်းခဲ့ပြီးပြီလေ ။ ငါနင့်ကို ဘာအကြွေးမှ မတင်နေဘူး "

လီချန်းရင်က သူ့အင်္ကျီကို လှန်လိုက်ပြီး သူ့ဗိုက်ပေါ်က အမာရွတ်ကို လက်ညှိးထိုးပြရင်းနဲ့

" အဲ့တာဆိုရင် ဒီဟာအတွက်ကရော ?မင်း ငါ့ကို ဘယ်လို ကျေးဇူးဆပ်မှာလဲ ?"

        
ငါ အမာရွတ်ကိုကြည့်မိလိုက်တော့ သက်ပြင်းတစ်ခုက အလိုလို ချမိရက်သား ။

" လုပ်ကြံတဲ့လူက နင့်ကို ထိုးခဲ့တာပဲလေ ။ နင့်ကို ဓားနဲ့ ထိုးတာငါမှ မဟုတ်တာ "

"ဘယ်လိုပဲဖြစ်ဖြစ် ငါ မင်းအသက်ကို ကယ်တင်ခဲ့တာပဲလေ ! တကယ်လို့ငါသာမင်းကို မင်းကိုမတွန်းထုတ်လိုက်နိုင်ခဲ့ရင် လုပ်ကြံတဲ့လူက ထိခိုက်အောင်လုပ်သွားမှာ  မင်းကိုပဲ "

ငါ့မှာနောက်ထပ်ငြင်းဆန်ဖို့ နည်းလမ်းမရှိတော့ဘူး ။ ဘာလို့လဲဆိုတော့ သူပြောသွားတာကအမှန်တွေပဲလေ ။ ဒါပေမဲ့ ငါကတော့ ခေါင်းမာအုန်းမှာပဲ
" အဲ့တာဆို နင်လိုချင်တာက ဘာလဲ ?"

" နောက်တစ်ခါ မင်း မင်ယွီဖန်ကို သွားရင် ငါ့ကို ပါခေါ်သွားပေး "


ငါ အံ့ဩသွားရပြီ ။

"နင်.......နင်...."

"ထိုက်ဇစ်တျန်းရှက ဆောင်ကြာမြိုင်ကို သွားချင်တယ်!" လို့ ငါအသံခပ်ကျယ်ကျယ်နဲ့ အော်လိုက်တယ် ။

       
ဒီတစ်ခါတော့ ငါ့ပါးစပ်ကို အမြန်အပြေးလေး လာပိတ်ရတာ လီချန်းရင်ပေါ့ ။

"အော်ဟစ်နေတာကို ရပ်လိုက်တော! မအော်နဲ့တော့! ငါ က သွားကြည့်ကြည့် ချင်ရုံသက်သက်ပဲ၊ မကောင်းတာ တစ်ခုခု သွားလုပ်ဖို့မဟုတ်ဘူး !"

       
  " ငါတို့ က ဒီမှာ အပိတ်ခံထားနေရတာ ၊ တကယ်လို့ ငါတို့သာ ထွက်မသွားနိုင်သေးခဲ့ရင် မင်ယွီဖန်ကို ဘယ်လိုသွားနိုင်ကြမှာလဲ..........."

Eastern Palace (Goodbye my princess Myanmar Translation)Where stories live. Discover now