အပိုင်း_၉

144 33 7
                                    

🏜️🦊

东宫 Eastern Palace: Chapter 9

ငါသူ့လက်ထဲက ကျောက်စိမ်းဆွဲပြားကို ကြည့်လိုက်တယ် ။

အနောက်ရှီးလျန်မှာ တော့ နိုင်ငံခြားသားကုန်သည်တွေလည်း အများအပြားရောင်းဝယ်ဖောက်ကားကြပြီး ကျောက်စိမ်းထုတ်လုပ်တဲ့နေရာကလည်း သိပ်မဝေးတာကြောင့် ကျောက်စိမ်း လက်ဝတ်ရတနာတွေကို တော်တော်များများ မြင်ဖူးပြီးသား ။

အလယ်ပိုင်း ပြည်မ ကို ရောက်လာကတည်းကလည်း အရှေ့နန်းတော်မှာလည်း ရတနာပစ္စည်း တွေကအမျိုးမျိုးပဲ ၊   ဒါပေမဲ့ ငါမြင်ဖူးသမျှ ကျောက်စိမ်းအဆင်တန်ဆာ တွေထဲမှာ တော့ ဒီကျောက်စိမ်းဆွဲပြားလောက် လှတာမျိုး မမြင်ဖူးသေးဘူး ။

အဖြူရောင်ကျောက်စိမ်းက အနာအဆာကင်းမဲ့ ပြီး လရောင်အောက်မှာဆို အလင်းဖြာ နေတာမျိုး ။

"ဒီ ကျောက်စိမ်းဆွဲပြားကို အရင်က ကျွန်မ တစ်ခါမှ မမြင်ဖူးဘူး "

ငါလည်း ထပ်စပ်စုချင်စိတ်ဖြစ်လာမိတာနဲ့ ။

"ရှင်ပြောတော့ ကျွန်မတို့က အတူထွက်သွားကြဖို့ ကတိပေးခဲ့ကြတာဆို ၊ဒါပေမဲ့ ဘယ်လိုဖြစ်လို့ အတူတူ ထွက်မသွားခဲ့ကြရတာလဲ ?"

သူ့လက်ကို တဖြည်းဖြည်းချင်းအောက်ချလိုက်ရင်း နည်းနည်းပိုညင်သာတဲ့ အသံမျိူးနဲ့

" ငါတောင်းပန်ပါတယ် ။ အဲ့နေတုန်းက ငါမင်းကို ယွီမန်ဂိတ်မှာစောင့်မနေနိုင်ခဲ့ဘူး ။ ငါယွီမန်ဂိတ်ကို ရောက်သွားခဲ့ တဲ့ အချိန်က သုံးရက်နဲ့ သုံးည ကျော်သွားခဲ့ပြီးပြီ ။ ငါမင်းရဲ့ ကျောက်စိမ်းဆွဲပြားအခြမ်းလေးကို သဲထဲမှာ တွေ့ခဲ့ပေမဲ့ မင်းကတော့ ရှိမနေခဲ့တော့ဘူး ...."

သူ့ပုံစံ ကိုကြည့်ရတာတော့ သူပြောနေတာက အလိမ်အညာတွေပြောနေတဲ့ ပုံတော့မပေါ်ဘူး ။

သူအဲ့နေ့က မသွားနိုင်ခဲ့တဲ့ အကြောင်းပြောတဲ့အချိန် ၊ သူ့မျက်နှာမှာ နောင်တတွေ ရယ် ၊ စိတ်ပျက်မှုတွေအပြည့်နဲ့ ။ ပြောမလို့မရနိုင်တဲ့ နောင်တရနေပုံမျိုး။

သူ့ဇာတ်လမ်းက သိပ်တော့  စိတ်ဝင်စားစရာ‌ေတွမရှိဖူးပဲ :

" တကယ်လို့ ရှင့်မှာ ဆင်ခြေအကောင်းစားတွေရှိနေတယ်ဆိုရင်တောင် ၊ အဲ့‌နေ့က ရောက်မလာခဲ့တာ ရှင်ဖြစ်တဲ့အတွက် ဒီဇာတ်လမ်းက ဘာအဓိပ္ပာယ်မှ ရှိတော့မှာမဟုတ်ဘူး ။ ကျွန်မလည်း ရှင့်ကိုမသိဘူး ၊ အဲ့ဒီတော့ရှင်လူမှားနေတာပဲ ။"

Eastern Palace (Goodbye my princess Myanmar Translation)Where stories live. Discover now