အခန်း -၂၀

122 27 8
                                    

东宫 Eastern Palace: Chapter 20

ဝမ်သညန်က လက်ခုပ်လက်ဝါးတီးရင်း မျက်နှာပေါ်မှာ အပြုံးပန်းတွေဝေနေ‌ေတာ့တာပဲပေါ့ ။

" ဒါ အရမ်းကောင်းတာပဲ !!အရမ်းကို ကောင်းမွန်တဲ့လက်ရာပါပဲ ရှင်။ ကျွန်မက အစတုန်းက တံခါး‌ပေါ် အကမယ်တွေ ကပြနေတဲ့ ပန်းချီဆွဲဖို့အတွက်  အနောက်အရပ်က ဆရာ အန်းကို ငွေစအမြောက်အမြားသုံးပြီး ခေါ်ယူမလို့ပဲ။ ဒီပန်းချီကတော့ အခု ဆရာ အန်းရဲ့ ပန်းချီထက်တောင်ပိုကောင်းနေပါပြီ !!!"

အင်းပေါ့ ။ အိမ်ရှေ့စံမင်းသားက နာမည်ကျော်ဆရာတွေဆီက နေ ကလေးဘဝကတည်း သင်ယူလာခဲ့တာလေ ။ အနုပညာလေးမျိုးစလုံးကို ကျွမ်းကျင်ပိုင်နိုင်ပြီး ။ ပြီးပြည့်စုံနေအောင် မလုပ်နိုင်တာ တစ်ခုတစ်လေ တောင်မှ မရှိသလိုပဲ ။ သာမန် ပန်းချီကား‌တွေထက် သာလွန်အောင် ဆွဲနိုင်တာက ဖြစ်သင့်တာပဲပေါ့။

လီချန်းရင်ကလည်း တစ်ခဏတော့ သူ့လက်ရာ ပန်းချီကားကို  ရှုစားရင်း သူ့ကိုယ်သူဂုဏ်ယူနေလေရဲ့ ။ နောက်ထပ် မျက်ခုံးမွှေးဆိုးဆေးကို ကောက်ယူလိုက်ပြီး စကားလုံးသုံးလုံးကို ချရေးလိုက်တယ် ။

"မှင် စွန်းသော တံခါး "

ဒီစကားလုံးသုံးလုံးက တရုတ်လက်ရေးလှ စာလုံး ကို ခပ်ထူထူ နဲ့လက်ရေးဆက် ရေးထားတာပဲ ။ သာမန်ထက် ထူးခြားတယ်လို့ ငါခံစားရတယ် ။

လီချန်းရင်က သူ့ပန်းချီးကား ကို ပြီးပြည့်စုံတယ်လို့ မခံစားရဘူးလားပဲ ။ ပန်းချီကားအောက်နား လောက်မှာ စာလုံးအသေးလေးတွေ ထပ်ပြီး ရေးပြန်ပြီ ။
" မြို့တော်လီဝူလျန် "

ရေးပြီးတဲ့နောက် မျက်ခံးမွှေးဆိုးဆေး ဘူးကို ပစ်ပေးလာရင်းနဲ့ ပြောလိုက်တာက " ငါ့လက်ဆေးဖို့ ရေယူလာပေးအုန်း !"

         ဝမ်သညန်က သူမရဲ့ မျက်လုံးအစုံက ပါ ပြုံးနေခဲ့ရင်းနဲ့ သူလက်ဆေးဖို့ ရေယူလာပေးတယ်  ။
ငါနည်းနည်းတော့ ဂုဏ်ယူမိသလိုလို ။ ငါ့ခမည်ူတော်က အလယ်ပိုင်းဒေသကို ထိမ်းမြားဖို့ မစေလွှတ်စေချင်ခဲ့ပေမဲ့လည်း ၊ သူ့ရဲ့ ဆိုးရွားတဲ့မြင်းစီးစွမ်းရည်နဲ့ သိုင်းပညာစွမ်းရည်ကလွဲရင် ငါ့ယောကျာ်းက အတော်လေး အစွမ်းအစရှ်ိသားပဲ ! 

Eastern Palace (Goodbye my princess Myanmar Translation)Where stories live. Discover now