အပိုင်း ၂၂

154 26 6
                                    


东宫 Eastern Palace: Chapter 22

ငါ ရေလည်း မကူးတတ်ဘူး ။ လူသတ်သမားက လည်း ငါ့ကို အားပြင်းပြင်း နဲ့ တွန်းချလိုက်တော့ ရေတော်တော် နက်နက်ထဲ အထိငါကျသွားခဲ့တယ် ။ ပတ်ပတ်လည်မှာလည်း ရေခဲလို အေးစက်နေတဲ့ ရေတွေ ၊ ငါ့ ခေါင်းထိပ်မှာရှိ‌ နေတာကလည်း အပြာရင့် ရောင် ရေတွေချည်း ပဲ ။အမြင်အာရုံထဲမှာ ခေါင်း ရဲ့ အပေါ်ဘက် ကနေ လာတဲ့ အလင်းတန်းတစ်ခု ကိုပဲမြင်နိုင်တယ်။

ဂလုဂလု နဲ့ ရေတွေ အများကြီး မြိုချလိုက်မိပြီ ။နောက်ဆုံးတစ်ခေါက်တုန်း က တစ်ယောက်ယောက်ကို ကယ်တင်ဖို့ ငါရေထဲ ကို ခုန်ချခဲ့တုန်းက အားတုကငါ့ကို ကယ်တင်ပေးခဲ့တယ် ။

နောက်ပြီးတော့ ဝမ်နန် တရားရုံးမှာ အမှု ရင်ဆိုင်ရတော့ ဖေ့ကျောက် က ခါးစည်းကြိုး နဲ့ ပေါ့ပေါ့ပါးပါးဝတ်ရုံ ကို ပဲ ဝတ်ပြီးပေါ်လာခဲ့တာ ။ ကြည့်ရတာ ဖော်ဖော်ရွေရွေနဲ့ ချစ်စရာတောင်ကောင်းနေသေး ။

ဖေ့ကျောက်အကြောင်းစဉ်းစားလိုက်တာနဲ့ လီချန်းရင် ကိုအလိုလို စဉ်းစားမိသွားစေတယ် ။ အဆုံးထိ ငါနဲ့ လီချန်းရင် က အတူရှိဖို့ ကံမပါလာခဲ့ဘူးပဲ ။ ငါတို့အပြန်အလှန် သဘောကျနေခဲ့ကြရင် တောင်မှ.....တကယ်လို့ သူလည်းငါ့ကို သဘောကျမနေခဲ့ရင် လူတွေအားလုံးရဲ့ ရှေ့မှာ လူသတ်သမားကို အဲ့လို ကတိမျိုး ပေးပါ့မလား ။

လီချန်းရင် နဲ့ ငါ ရဲ့ ကံကြမ္မာကို က ပေါင်းစည်းလို့ မရနိုင်ခဲ့တာ ။

ကံကောင်းထောက်မစွာနဲ့ပဲ ငါသေသွားခဲ့ရင်တောင်မှကျောက်လျန်းတိ ရှိသေးတာပဲ ၊ လီချန်းရင် အဲ့လောက်အကြာကြီး အသည်းကွဲနေရမှာ မဟုတ်ဘူး ။သူ သေချာပေါက် တဖြည်းဖြည်းနဲ့ ငါ့အကြောင်းကို မေ့သွားပြီး ၊ သူ ကောင်းကောင်းမွန်မွန် ပဲ ဆက်ပြီးရှင်သန် သွားလိမ့်မယ်။

 ရေတွေက ငါ့ပါးစပ်နဲ့ နှာခေါင်းတွေထဲကို အဆက်မပြတ်ဝင်လာနေပြီ ။ ငါရေတွေဘယ်လောက်တောင် မြိုချလိုက်မိပြီးပြီ လဲမသိတော့ဘူး ။ တဖြည်းဖြည်းနဲ့ အသက်ရှုရ ခက်ခဲလာတယ် ......

ငါ့ခေါင်းပေါ်က မြင်နေရတဲ့အလင်းတန်းကလည်း တဖြည်းဖြည်း ဝေးသထက် ဝေးသွားခဲ့ပြီ ။ ငါ့ ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်း ချင်း ရေနက်ထဲကို နစ်သထက် နစ် လာနေရင်း နဲ့ ငါ မြင်ရတဲ့ မြင်ကွင်းကလည်း အမှောင်ထုချည်းသက်သက် ဖြစ်လာနေခဲ့တယ် ။

Eastern Palace (Goodbye my princess Myanmar Translation)Where stories live. Discover now