အပိုင်း 24

270 26 7
                                    

东宫 Eastern Palace: Chapter 24

ငါနောက်ဆုံးတော့ လီချန်းရင်ကို လှမ်းမြင်နေရပြီ ။ သူက အရမ်းဝေးတဲ့ နေရာမှာ မတ်တပ်ရပ်နေတာ ဖြစ်ပေမဲ့ တစ်ချက်ကြည့်ရုံနဲ့သူမှန်း ငါအတပ်သိနိုင်ခဲ့တယ်။

ကျောက်စိမ်းရောင် ဝတ်ရုံတစ်ခုကိုယ်ပေါ်မှာ လွှမ်းခြုံထားပြီး ခန္ဓာကိုယ်တစ်ဝက် ကို လက်တန်းပေါ် မှီလို့ထား ရင်း ၊ တိုက်ခတ်လာတဲ့လေတွေက  သူ့ဝတ်ရုံလက်ဖျားတွေ ကို လှုပ်ခါသွားစေလျှက် ။

လူပေါင်းများစွာက ဒူးထောက်နေကြပြီး
"အရှင်မင်းကြီး သက်ကျော်ရာကျော်ရှည် ပါစေ " ဆိုတဲ့ ဆုတောင်ထောပနာပြုသံတွေကြောင့် ဧကရာဇ်မင်း ကိုလည်း ငါမြင်လိုက်ရတယ် ။ ဒီလို အလှမ်းဝေးပြီး တစ်သီးတစ်သန့် ဖြစ်နေတဲ့ ခံစားချက်မျိုးက ပထမ ဆုံးပဲ ။
       
နန်းတွင်းအခမ်းအနား ဝတ်စုံအပြည့်နဲ့ မျှော်စင်ပေါ်ကို တက်လာတဲ့ ကျောက်လျန်းတိ ကိုလည်းငါတွေ့‌ နေရပြီ ။ သူမက ခန်းစီးနောက်ကွယ်ကနေ လူရှေ့ကိုတော့ ထွက်မလာခဲ့ပေမဲ့ ခန်းစီးပေါ်က အရိပ်ကိုကြည့်တာနဲ့ သူမ မှန်းမှတ်မိတယ် ။
 
လီချန်းရင်ကို အမဲရောင်ခြုံထည်တစ်ခု လှမ်းခြုံပေးဖို့ သူမ လက်လှမ်းလိုက် ပေမဲ့ လေက ပြင်းလွန်းတဲ့ အတွက် ခြုံထည် က ပြန်ပြီး လန်သွားခဲ့တာပဲ ။ မျှော်စင်ပေါ်က မီးရောင်‌‌ေတွ‌ေကြာင့်ခြုံထည်ရဲ့  အနီရောင် နဲ့ ရွှေရောင် ပိုးချည် တွေက ရောင်ပြန်ဟပ်နေကြသလို မျိုး ။ လီချန်းရင် အနောက်ကို လှည့်လိုက်တဲ့ အချိန် မှာတော့ အရမ်ဝေးလွန်းတဲ့အတွက် သူ့မျက်နှာပေါ်က အမူအယာတွေကို တော့ ငါမမြင်နိုင်တော့ဘူး ။ ဖြစ်နိုင်တာကတော့ သူ့ဘေးမှာ ရပ်နေတဲ့ မိန်းမလှလေးကို ပြုံးပြ‌နေတာပဲ ဖြစ်မှာပေါ့ ။

         ချန်းထျန်မျှော်စင်ထိပ် ကိုလည်း ငါဘယ်တုန်းကမှ မရောက်ခဲ့ဖူးသလို  မီးပုံပွဲတော်ကိုလည်း ငါလီချန်းရင်နဲ့ အတူ ဖြတ်သန်းခဲ့ဖူးတာမျိုးမရှိခဲ့ဖူးဘူး ပဲ ။ မီးပုံးပွဲတော်ညတိုင်းမှာ လီချန်းရင်က ကျောက်လျန်းတိ နဲ့အတူ ဒီလိုမြင့်မားတဲ့နေရာကနေ မီးရှူးမီးပန်းတွေ အတူတကွ ရှုစားနိုင်ဖို့ ခေါ်သွားတတ်မှန်းလည်း ငါမသိခဲ့ဘူး ။

You've reached the end of published parts.

⏰ Last updated: Aug 29, 2022 ⏰

Add this story to your Library to get notified about new parts!

Eastern Palace (Goodbye my princess Myanmar Translation)Where stories live. Discover now