အပိုင်း -၁၁

148 32 13
                                    


东宫🦊🏜️ Eastern Palace: Chapter 11

"သေချာတာပေါ့ ထိုက်ဇစ်ဖေးက နဂိုကတည်းက မွေးဖွားလာကတည်းက အလှလေး ပဲ ဥစ္စာ ၊ ထိုက်ဇစ်တျန်းရှ ရဲ့ မြတ်နိုးမှုကို မရဘူးဆိုတာက မဖြစ်သင့်ဘူး ပဲလေ !! နင်တို့ မမြင်လိုက်ဖူးလား ဟင်္သာမောင်နံ ခါးစည်းကို ထိုက်ဇစ်ဖေး မြင်လိုက်ရတုန်းက သူမမျက်နှာ နီရဲ နေတာကိုလေ ၊ အဲ့တာ သူမ ရှက်သွေးဖြာနေတာပဲ ဖြစ်မှာ ...."

"အိုင်းယား !!! ငါသာဆိုရင်လည်း ရှက်မှာပဲပေါ့ ။ ထိုက်ဇစ်တျန်းရှက အရမ်းကို ရဲတင်းတာပဲ ..."

"တကယ်ကို နေ့ခင်းကြောင်ကြီးမှာတောင် ထိုက်ဇစ်ဖေးကို ဒီလိုခါးစည်းကြိုးပေးတယ် "

" တကယ်တော့ သူက ရှေ့တစ်လှမ်းတောင် ပိုရောက်နှင့်ပြီးပြီ ။ ထိုက်ဇစ်ဖေး နန်းဆောင်ပြန်လာတုန်းက သူမရဲ့ ပုံစံက ဖရိုဖရဲ နဲ့ သူမအဝတ်အစားတွေကတောင် ပြဲလို့ နင်တို့မမြင်လိုက်ကြဘူးလား ။ ကြည့်ရတာ ထိုက်ဇစ်တျန်းရှက တော့ တကယ်ကိုပဲ စိတ်အားထက်သန်မှုအပြည့်နဲ့ပဲ.... ဟီးဟီး"

........နန်းတွင်းသူတွေရဲ့ တီးတိုး သံတွေကို နားထောင်နေရင်းနဲ့ သူတို့တွေ ကို အဖြစ်အပျက်က အဲ့လိုမဟုတ်ခဲ့တဲ့ အကြောင်းသာအော်ပြောလိုက်ချင်တယ် !

ငါ့ရဲ့မျက်နှာနီရဲ နေရတဲ့အကြောင်းအရင်းက ငါဒေါသထွက်နေလို့ ပဲ!

အင်္ကျီတွေပြဲနေရတာက ငါတို့ ရန်ဖြစ်သတ်ပုတ်ခဲ့ကြလို့ !

ဘယ်လိုပဲ ဖြစ်ဖြစ် နင်တို့ထင်နေတာတွေက တစ်ခုမှ ဟုတ်မနေဘူး !

 လီချန်းရင်က ငါ့ကို တကယ်ကြိုက်တာမဟုတ်ဘူး။ ငါ့ကို ကြားထဲက ကိုယ်စားဒဏ်ခံ‌ ပေး ရတဲ့ လူဖြစ်အောင်လုပ်နေတာ ။

ငါ့ကို ကြားထဲက ဒဏ်ခံဖို့ လူဖြစ်အောင်လုပ်ရုံနဲ့တင် အားမရသေးပဲ နောက်ထပ် ငါ့ကို တောင် အချွန်နဲ့ မပြီး ချောက်တွန်း လိုက်သေးတယ် ။

တတိယမြောက်နေ့မှာ မိဖုရားခေါင်ကြီးက ငါ့ကို အတွင်းနန်းဆောင်ကို ခေါ်တွေ့တယ်။

ငါသူမကို အရိုအသေပေးပြီးတဲ့ ငါ့ကို ထိုင်ဖို့တောင် တစ်ခွန်းမဟ ဘူး ။

Eastern Palace (Goodbye my princess Myanmar Translation)Where stories live. Discover now