အပိုင်း ၈

138 33 2
                                    

东宫 Eastern Palace 🦊🏜️

ငါ ရွှီညန်ရဲ့ နန်းဆောင်ကို အပြုံးတွေပြည့်လျှံနေတဲ့ မျက်နှာတစ်ခုနဲ့ အတူရောက်သွားခဲ့တယ် ။နန်းတော်ထဲက အထီးကျန် ပန်းခြံ ကိုပေါ့ ။

ဒါငါ ရွှီညန်ကို ပထမဆုံးအကြိမ် ‌တွေ့ဖူးတာပဲ ။

သူမက အိပ်ယာပေါ်မှာလှဲလျောင်းလို့နေတယ်။ သူမျက်နှာက တော့ ကျန်းမာရေး အခြေအနေကောင်းတဲ့ ပုံမပေါ်ရှာဘူး ။ ဒါပေမဲ့ သူမက အတော်လေးကို လှပတဲ့ အမျိုးသမီးတစ်ယောက်ဆိုတာတော့ငါပြောနိုင်တယ် ။

အဲ့အချိန်မှာပဲ နန်းတွင်းသူတစ်ယောက်က "ထိုက်ဇစ်ဖေး ကြွရောက်လာပါပြီ" လို့ ပြောလိုက်တော့ ၊ သူမက အိပ်ယာထဲကနေ ကြိုးစားပြီးထလာချင်တဲ့ ပုံပဲ ၊ ယုန်ညန်က သူမကို ထူပေးဖို့ပြေးသွားတယ်။

ငါသူမကို ဘယ်လိုတောင် နှစ်သိမ့်ပေးရမလဲ တကယ်မသိဘူး ။ ငါမိဖုရားခေါင်ကြီး ပြောတာကိုပဲ ပြန်အတုခိုး ပြောလိုက်ရဖို့ပဲ တတ်နိုင်တယ် ။ "နင် အရမ်းကြီးလည်း စိတ်မကောင်းဖြစ်မနေပါနဲ့ ။ ဘယ်လိုပဲပြောပြော နင်ကအသက် ငယ်ပါသေးတယ် ။"

ရွှီညန်က မျက်ရည် တွေအနည်းငယ် ကျဆင်းလာရင်းနဲ့ " ထိုက်ဇစ်ဖေး ကို ကျေးဇူးတင်ပါတယ်။  ကျမက ကံဆိုးမှုတွေကို သယ်ဆောင်လာမိတာပါ ။ သေသင့်ပါတယ် "

ငါလည်း ရှက်ကိုးရှက်ကန်းနဲ့
"တကယ်တော့ ......နင်ဘာလို့ သေချင်ရတာလဲ ? ငါ့ကို ကြည့်လေ ......ကောင်းကောင်းမွန်မွန် နေနေတာပဲမဟုတ်ဘူးလား ..."

ယုန်ညန် ချောင်းတစ်ချက်ဟန့်သံ ကို ကြားလိုက်တာနဲ့ ၊ ငါစကားပြောထပ်မှားပြန်ပြီ ဆိုတာသိလိုက်ပြီ ။

"နင် ဘာစားချင်လဲ ? ငါတစ်ယောက်ကို လုပ်နည်းသင်ပေးပြီး နင့်ဆီပို့ခိုင်းလိုက်မယ် " လို့မေးလိုက်တယ် ။
 
နောက်ဆုံးတခေါက် ငါနေမကောင်းတုန်းက မိဖုရားကြီးက ငါ့ကို ပြုစုဖို့ လူလွှတ်ပေးပြီး  ငါဘာစားချင်တာရှိသလဲ ဒါမှမဟုတ်ရင် ဘာများလိုအပ်‌ေနတာရှိလဲ အမေးခိုင်းခဲ့တယ် ။

အရှေ့နန်းတော်မှာ လိုအပ်နေတာဘာများရှိသလဲ ?

ဒါက သူတို့ငါ့ကို မေးခဲ့တာပဲ ။ ငါလူမမာတစ်ယောက်ကို ဘယ်လို နှစ်သိမ့်ပေးရမလဲ မသိ ။ ငါ မိဖုရားကြီး ပြုမူပြောဆိုခဲ့တဲ့ အတိုင်း အတုယူ ပြီးပြန်ပြောရုံပဲတတ်နိုင်တယ် ။

Eastern Palace (Goodbye my princess Myanmar Translation)Where stories live. Discover now