အပိုင်း-၃

188 41 6
                                    


အားတုရုတ်တရက်ခုန်လိုက်တာ ငါတောင်ရုတ်တရက်လန့်ဖြန့်သွားရတယ် ။

ချက်ချင်းဆိုသလိုပဲ ငါတို့ဘေးပတ်လည်မှာ မီးအလင်းရောင်တွေရုတ်တရက်လင်းလာခဲ့တယ် တစ်ယောက်ယောက်ဖယောင်းတိုင်ထွန်းလိုက်ပြီ။ပြီးတော့  မီးအိမ်တွေကိုင်ထားတဲ့လူတစ်စု ပြေးဝင်လာကြတယ် သေချာပေါက် ရှေ့ကဦးဆောင်လာတာတော့ ယုန်ညန် ပေါ့ ။

အဝေးကြီးကတည်းက မျက်ရည်တွေအပြည့်အနှက်နဲ့မျက်လုံးတွေနဲ့ ပြေးဝင်လာပြီး ဒူးထောက်ချလိုက်ရင်း " အိမ်ရှေ့စံကြင်ယာတော် (ထိုက်ဇစ်ဖေး) ဒီအစေခံ က သေသင့်ပါတယ် အပြစ်ပေးတော်မူပါ "။

ငါလူတွေဒူးထောက်ရတာကို မနှစ်သက်ဘူး ။ယုန်ညန်ကိုလည်းသဘောမကျဘူး ။လူတွေငါ့ကို အိမ်ရှေ့စံကြင်ယာတော် (ထိုက်ဇစ်ဖေး ) လို့ခေါ်ကြတာကိုလည်း မုန်းတဲ့ အပြင် အချိန်တိုင်းကိစ္စတိုင်း သေဒဏ်ပေးဖို့ပဲ ပြောနေတာကိုလည်းမုန်းတယ် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ငါလူတွေဒူးထောက်ရတာကို မနှစ်သက်ဘူး ။
ယုန်ညန်ကိုလည်းသဘောမကျဘူး ။လူတွေငါ့ကို အိမ်ရှေ့စံကြင်ယာတော် (ထိုက်ဇစ်ဖေး ) လို့ခေါ်ကြတာကိုလည်း မုန်းတဲ့ အပြင် အချိန်တိုင်းကိစ္စတိုင်း သေဒဏ်ပေးဖို့ပဲ ပြောနေတာကိုလည်းမုန်းတယ် ။

"အေး အခုငါ အကောင်းတိုင်း တစ်ကိုယ်လုံးပြန်‌ ရောက် မလာလို့လား "။

ငါပြန်ရောက်လာတဲ့ အချိန်တိုင်း  ယုန်ညန်က အမြဲဒီလိုပဲ။ ယုန်ညန်မငြီးငွေ့သေးရင်တောင် ငါကတော့ အတော်လေးငြီးငွေ့နေပြီ ။

အဲ့ဒီအတိုင်းပဲ ယုန်ညန်ကချက်ချင်း မျက်ရည်တွေသုတ်လိုက်ပြီး နန်းတွင်းသူတစ်ယောက်ကို ငါ့ကိုပြင်ဆင်ပေးဖို့အမိန့်ပေးလိုက်တယ်။ငါဝတ်ထားတဲ့ယောကျာ်းလေးဝတ်ရုံ ကိုဘာအကြောင်းပြချက်မှမပေးပဲ ချွတ်လိုက်ပြီး ငါမနှစ်သက်ဆုံးအဝတ်အစားတွေနဲ့ လဲလှယ်ပေးတော့တယ် ။

အတွင်းသုံးထပ် အပြင်သုံးထပ် တစ်ထပ်ပြီးတစ်ထပ်အမျိုးမျိုး ။ အထပ်တရာကိတ်မုန့်လိုပဲ အကြာကြီးခွာပြီး‌ရင်တောင် မြေပဲကိုမြင်ရမှာမဟုတ်‌‌ သေးဘူး။

Eastern Palace (Goodbye my princess Myanmar Translation)Where stories live. Discover now