အပိုင်း-၅.၂

130 32 0
                                    

🦊🏜️

ထင်တဲ့အတိုင်းပဲ အားတု သူ့ရဲ့ ရွှေရောင်ဓားကောက်လေးကို ဆွဲထုတ်ပြီး‌ နေ ပြီ။

တကယ်လို့ငါသာ သူမကို ဆွဲမထားခဲ့ရင် အခုချိန် အားတု က အဲ့ဒီ တရားသူကြီးရဲ့ နားရွက်တွေကို ဖြတ်ပြီးနှင့်လောက်ရောပေါ့ ။

အားတု မတ်တပ်ရပ်ရင်း နဲ့ပဲ တရားသူကြီးကို ရန်လိုတဲ့ အကြည့်တွေနဲ့ကြည့်နေတုန်း  ။
ဘေးနားက တရားရုံးအလုပ်သမားတွေက
" တရားရုံးတော်ထဲမှာ ချွန်ထက်တဲ့ အရာတွေသယ်လာလို့မရဘူး" ဆိုပြီးအော်ကြတယ် ။

အားတုက ငါ့လက်ကနေရုန်းဖို့ မကြိုးစားဘူး ။ ဒါပေမဲ့ နှင်းကျသလို မျိုးလှုပ်ရှားမှုတခုနဲ့ အတူ ဓားကိုတချက်ဝှေ့လိုက်ပြီး ခဏကြာတော့ ဓားကို ပြန်သိမ်းလိုက်တယ် ။

သူမရုတ်တရက် မိုးကြိုးပစ်သလိုအလျင်နဲ့ လှုပ်ရှားသွားတာ လူအုပ်ကြီး ခမျာ တုံပြန်ဖို့အချိန်ဆိုတာတောင် ရှိမနေခဲ့ဘူး ။

တရားသူကြီးရဲ့ စားပွဲပေါ်က အနီရောင်တုတ်ချောင်းတွေထည့်ထားတဲ့ ဘူးက "ဖောင်း" အသံတချက်နဲ့အတူ ပွင့်ထွက်လာတယ် ။

ဘူးထဲက အနီရောင်တုတ်ချောင်းတွေက မြေကြီးပေါ်ပြန့်ကျဲလို့ ၊ တုတ်တချောင်းချင်းစီ ကလည်း ထက်ခြမ်းတွေ ကွဲလို့ ။


ဘူးထဲမှာအနည်းဆုံး တုတ်ချောင်း ၆ ချောင်းလောက်ရှိတာ၊ မျက်စိတမှတ်အတွင်းမှာပဲ တုတ်တွေအကုန်လုံး က အလယ်ကနေထက်ခြမ်းကွဲလို့ အားတု ရဲ့ ဓားစာ မိသွားပြီ ။

တရားရုံးထဲက လူတွေက အံ့အားသင့်ကုန်ကြတဲ့ အပြင် တရားရုံး အပြင်ဘက်က လူတွေကလည်း "ကောင်းလိုက်တဲ့ပြကွက်" ဆိုပြီး ဆူဆူညံညံ လှုပ်လှုပ်ရှားရှားဖြစ်ကုန်တယ် ။

တံခါးနားတရားရုံးအလုပ်သမားတွေကတော့ ဒါက ပြကွက်တခုမဟုတ်ပဲ ဓားစွမ်းရည်ဆိုတာ သတိထားမိကြတယ် ။

တရားသူကြီးကတော့ လန့်လွန်းလို့ သူ့မျက်နှာအရောင်တောင် ပြောင်းသွားပြီ ဒါပေမဲ့ သူတည်ငြိမ်ချင်ယောင်ဆောင်လိုက်ရင်း
"လူတွေလာကြစမ်း...တရားရုံးထဲ မှာ ဘာလို့လက်နက်တွေယူလာတာလဲ!!!"

တရားရုံး အလုပ်သမားတွေက အားတုလက်ထဲက ဓားကို ဖယ်ရှားဖို့ ရှေ့တိုးလာကြတယ် ။

Eastern Palace (Goodbye my princess Myanmar Translation)Where stories live. Discover now