အပိုင်း ၂

223 39 6
                                    

🦊🏜️
တကယ်ကိုထူးဆန်းတဲ့လူပဲ ငါသူ့ကိုသိတယ်လို့လဲ  လက်မလျော့စတမ်း ပြောနေသေးတယ် ငါကတော့အဲ့လိုထူးဆန်းတဲ့လူတစ်ယောက်ကိုမသိပါဘူး ။

လမ်းကြားထဲကထွက်လာပြီး

အားတုကို တံတားပေါ်မှာ ထိုင်နေတာတွေ့လိုက်ရတယ်။

သူမက အတိတ်မေ့နေတဲ့ ပုံစံနဲ့ ငါ့ကိုကြည့်ပဲကြည့်နေရော ။

" နင်ဘယ်တွေသွားနေတာလဲ ။စိတ်ပူလို့သေတော့မယ်။" လို့မေးလိုက်တယ်။

အားတုက မလှုပ်မရှားပဲထိုင်နေတယ် ငါသူ့ကိုကိုင်ပြီးလှုပ်လိုက်တာတောင် သူမကတစက်မှမရွေ့ဘူး ။
အဲ့ဒီအချိန်မှာပဲ ကူကျန်း ရောက်လာပြီး အားတု ရှေ့မှာ လက်ဖျောက်တချက်အသာတီးလိုက်တော့ ။
" ကျီ" ဆိုတဲ့အသံတစ်သံပဲကြားလိုက်ရပြီး အားတု သူ့ရဲ့ရွှေဓားကောက်ကိုလက်တစ်ဖက်ကကိုင်ရင်း‌ေနာက်တစ်ဖက်က ငါ့ကိုသူမအနောက်ကိုဆွဲလိုက်ပြီး ရှေ့ကိုခုန်ထွက်လာတယ်။

အားတုက မလှုပ်မရှားပဲထိုင်နေတယ် ငါသူ့ကိုကိုင်ပြီးလှုပ်လိုက်တာတောင် သူမကတစက်မှမရွေ့ဘူး ။ အဲ့ဒီအချိန်မှာပဲ ကူကျန်း ရောက်လာပြီး အားတု ရှေ့မှာ လက်ဖျောက်တချက်အသာတီးလိုက်တော့ ။" ကျီ" ဆိုတဲ့အသံတစ်သံပဲကြားလိုက်ရပြီး အားတု သူ့ရဲ့ရွှေဓားကောက်ကိုလက်တစ်ဖက်ကကို...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ကူကျန်းက အေး‌ေဆးပြုံးလိုက်ပြီး
"လွန်ခဲ့သုံးနှစ်ကတည်းကငါတို့ တိုက်ခိုက်ခဲ့တာ ၊ ခုဏက ငါမင်းရဲ့မေ့ကြောကို ချိတ်ပိတ်ဖို့ လက်တချောင်းပဲသုံးစရာလိုတယ်။မင်းနားမလည်ဘူးလား ငါသာတကယ်တစ်ခုခုလုပ်ချင်ရင် မင်းတစ်ယောက်တည်း နဲ့ငါ့ကို တားနိုင်မှာတဲ့လား" လို့ပြောလာတယ်။

အားတုကတော့ တစ်ခွန်းမှမဟပဲ သူ့ကိုပဲ ခက်ခက်ထန်ထန် ကြည့်နေတယ် သူမပုံစံ က ကြက်အမေကြီး သူ့သားပေါက်လေးတွေကိုကာကွယ်နေတဲ့ပုံစံလိုပဲ ။

တစ်ခါက လီချန်းရင် နဲ့ ရန်ဖြစ်ရင်း လီချန်းရင် တအားတွေ‌‌ ‌ေဒါသထွက် ပြီးငါ့ကို လဲကျအောင်လုပ်တုန်းကလည်း အားတုက သူ့ကို ဒီလိုပုံစံနဲ့ စိုက်ကြည့်နေခဲ့တာ။

Eastern Palace (Goodbye my princess Myanmar Translation)Where stories live. Discover now