အပိုင်း-၁၅

136 30 0
                                    

东宫 Eastern Palace: Chapter 15

       
မြို့တော်က အလင်းရောင်တွေကလည်း တဖြည်းဖြည်းမှေးမှိန်လာပြီး ။
နှင်းတွေကလည်း ထူထဲတဲ့ လိုက်ကာစတစ်ခုအလား ကောင်းကင်နဲ့ မြေကြီးကိုပါ လွှမ်းခြုံလို့ထားတယ် ။

       
ဖေ့ကျောက်က နောက်ဆုံးတော့ ပုလွေ မှုတ်နေတာရပ်လိုက်ပြီ ။ တကယ်တော့ သူ အချိန်ဒီ‌ေလာက်ကြာကြာထိ ပုလွေတီးမှုတ်နေခဲ့တာပဲ ။

သူရပ်လိုက်ပြီးပြီးချင်း ချောင်းအနည်းငယ်ဆိုးသွားတယ် ။ ကြည့်ရတာ လေအေးတွေ ထိတွေ့တာ များသွားလို့ ဖြစ်မယ် ။

သူက အရမ်း အ တာပဲ ။ ငါသူ့ကို ရပ်လိုက်ဖို့ မပြောခဲ့မိလို့ ဒီလောက်ကြာကြာ ပုလွေကိုဆက်မှုတ်နေတာ သူ့အဆုတ်တွေ ထိခိုက်မှာကိုတောင် စိုးရိမ်မနေဘူး ။

ဖေ့ကျောက်က သူ့ကိုသူ ချောင်းဆိုးတာကို ထိန်းထားလိုက်ပြီး ၊ ငါ့ဘက်ကို မျက်နှာမူလိုက်ရင်းနဲ့
" နှင်းတွေကျနေပြီ ။ ကျွန်တော် ထိုက်ဇစ်ဖေးကို ပြန်ပို့သင့်ပါပြီ " လို့ပြောတယ် ။

  သူ့မျက်တောင်ပေါ်မှာနှင်းမှုန်လေးတွေတင်နေတာကို ငါမြင်နေရတယ် ။ သူမျက်တောင်ခတ်လိုက်တာနဲ့ အရည်ပျော်ကျ သွားခဲ့ပြီ ။
       
  " ငါပြန်မှာမဟုတ်ဘူး" လို့ ငါပေကတ်ကတ်ပဲပြန်ပြောလိုက်တယ် ။
       
"ထိုက်ဇစ်ဖေး .........."

"ငါ့ကို ထိုက်ဇစ်ဖေး လို့ မခေါ်နဲ့.........."

  
       
  ဖေကျောက်က တုံဆိုင်းမှုမရှိဘဲ အရိုအသေပေးလိုက်ရင်းနဲ့ " ဟုတ်ကဲ့ပါ " လို့တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေတယ် ။
       
  ငါ့စိတ်ထဲမှာ မွန်းကြပ်နေတာနဲ့
" နင် အဲ့ မင်းသမီး ကို သဘောကျလား ?" လို့ ငါမေးလိုက်တယ်။
       
ဖေ့ကျောက်က အနည်းငယ် တုန်လှုပ်သွားတဲ့ပုံပဲ ဒါပေမဲ့ ဘာမှပြန်မပြောခဲ့ဘူး ။
  
       
ငါသူ့ကို နှစ်သိမ့်ဖို့ သူ့ပုခုံးတွေကို ပုတ်လိုက်ရင်းနဲ့
" နင် သဘောမကျဘူးဆိုတာငါသိတယ် ။ နင်လည်း နင်မကြိုက်တဲ့ တစ်ယောက်ယောက်နဲ့ လက်ထပ်ဖို့ ဖိအားပေးခံရလိမ့်မယ်လို့ မထင်ထားမိဘူး ။နင်တို့ အလယ်ပိုင်းဒေသက ယောင်္ကျားလေးတွေက သနားဖို့ကောင်းကြတာပဲ ။ လီချန်းရင်ကိုယ်တိုင်က  ထိုက်ဇစ်တျန်းရှ ဆိုပေမဲ့လည်း သူချစ်တဲ့သူကို ထိုက်ဇစ်ဖေးအဖြစ်နဲ့ မပိုင်ဆိုင်နိုင်ဘူးလေ ။နင် နဲ့ သူနဲ့က အတူတူပါပဲ ။...."

Eastern Palace (Goodbye my princess Myanmar Translation)Where stories live. Discover now