အခန်း ၁၉

125 31 10
                                    

东宫 Eastern Palace: Chapter 19

ဧကရာဇ် က
" မင်းတို့နှစ်ယောက်က အကြံတူဉာဏ်တူ  တစ်ကြိတ်တည်းတစ်ဉာဏ်တည်း လင်မယားတွေပဲ "

လီချန်းရင် ရဲ့ မျက်နှာအမူအရာ ကတော့ တစ်သမတ်တည်း ။ ပြီးတော့ သူပြောလိုက်တာက

"သားတော် အတင့်ရဲပြီး ခမည်းတော်ကို မေးမြန်းပါရစေ ။ ခမည်းတော် က ဒီကို ဘာကြောင့် ရောက်လာခဲ့တာပါလဲ "

လီချန်းရင်က ဒီလောက်ထိ သတ္တိရှိနေမယ်လို့ မထင်ထားခဲ့မိဘူး ။ အားလုံးက ဒီဆောင်ကြာမြိုင်ကို ရောက်လာကြတယ်ဆိုမှတော့ ဘာကိစ္စနဲ့ လာရင်းကိစ္စ မေးမြန်းပြီး မျက်နှာပူရအောင် လုပ်နေတော့မလဲ ??

ဧကရာဇ်ရဲ့တုံ့ပြန်မှုကလည်း ရယ်မောရင်းနဲ့ " နိုင်ငံကို အုပ်ချုပ်သူတစ်ယောက်အနေနဲ့ အမှားအယွင်းကင်းရှင်း ရမယ် ။ ထီးနန်းဆက်ခံသူတစ်ယောက်အနေနဲ့ မင်း ဒါကို နားမလည်ဘူးလား " လို့ပြောလာမယ်  လို့တော့ ငါဘယ်ထင်ထားမှာလဲ ။

"သားတော်စိတ်ထဲမှာ မှတ်သားထားပါ့မယ် ။ ဘယ်လို ပဲ ဖြစ်ဖြစ် ခမည်းတော် အရင်က မိန့်တော်ခဲ့သလိုမျိုး ယခင် မင်းဆက် ပြိုလဲခဲ့ရခြင်းရဲ့ အကြောင်းအရင်းက မူးမတ်တွေကြားက တင်းမာမှုပြသနာက အစပျိုးရာက အစပြုခဲ့တာပါ ။ အချို့မူးမတ်‌တွေက ထောက်ခံသူအများအပြား ပိုင်ဆိုင်ထားကြတဲ့အတွက် အမိန့်တစ်ခုက တောင် သူတို့အကျိုးသက်ရောက်မှုဆိုတာမရှိနိုင်ပါဘူး ။ ကျိုင်းကောင် စွဲကပ် တာကလည်း ကပ်ဘေးဆိုက်တာပါပဲ ။အဲ့တာကြောင့် မင်းဆက်ပြိုလဲသွားရတာပါ "

ငါ သူတို့ အခုပြောသမျှကိုတစ်လုံးမှ နားမလည်ဘူး ။ သူတို့က  လက်ရှိ ဆောင်ကြာမြိုင်မှာရောက်နေကြပေမဲ့လို့ သူတို့ပုံစံက ညီလာခံ မှာရောက်နေကြသလိုပဲ ။

စိတ်ဝင်စားစရာ  လည်း တစ်ခုမှ မပါဘူး ။ 

ဧကရာဇ်က ခပ်ယဲ့ယဲ့ သာ ပြုံးရင်းနဲ့

" သားတော် သိတယ်ဆိုမှတော့ ။ မင်းဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ ?"

"ဖြစ်စဉ်ကို ပြန်လည် စစ်ဆေးမယ် "

ဧကရာဇ်က သူ့ခေါင်းကို ခါယမ်းလိုက်ပြီး

Eastern Palace (Goodbye my princess Myanmar Translation)Where stories live. Discover now