Intro

1.7K 64 5
                                    

"ဘာလဲ ကျွန်တော် ကိုကိုနဲ့မလိုက်ရဘူးလား"

"မရဘူး မင်းကငယ်သေးတယ် လူကြီးတွေကြားမရှုပ်ချင်နဲ့"

"ကျွန်တော် အခု၁၀တန်းရောက်နေပြီကိုကို မကြာခင် ကိုကို့ ဘေးနေတော့မှာပါ"

ငယ်ကတည်းက အလိုလိုက်ထားတော့ ဒီကလေးက ဆိုးချင်တယ် သူက ကိုယ့်ထက် ၄နှစ်ငယ်တော့ ငယ်ကတည်းက သူ့ကိုကလေးလေးလို သဘောထားတာ အခုရွယ်ထိ

"ဂျောင်ကု ကိုကို့ ကို သွားမဆိုးနဲ့ ကိုကို့မှာလည်း သူငယ်ချင်းရှိသေးတယ် သားပဲအချိန်မပေးနိုင်ဘူး"

ဂျောင်ကု ချင်ချင်းစိတ်ကောက်ကာ အပေါ်ထပ်သို့​​ပြေးတက်သွားလေရဲ့

သေချာပါတယ် ဒီကလေး သူ့ကို စိတ်ကောက်သွားပြီ

"သားညီလေးက အဲ့အတိုင်းပဲ သား သွားစရာရှိတာသွား"

"ဟုတ်ကဲ့ အန်တီ ကျွန်တော် ပြန်တော့မယ်"

"အေးအေး"

ကားလေးသည် ချစ်ရတဲ့သူဆီသို့

သူ့ခြံထဲရောက်ကတည်းက လူက နှလုံးခုန်နှုန်းတွေမြန်လာ၏။

သူ့အခန်းထဲဝင်တော့ အိပ်ပုပ်က အခုထိမနိုးသေး

"ပတ်ဂျီမင် "

"ဟင် "

"ထ မင်းလာခေါ်ခိုင်းတဲ့အချိန်ငါရောက်တာ မင်းကအခုထိ အိပ်တုန်းပါ့လား"

"အာ  ဟုတ်သားပဲ ဆောရီး "

ကပိုကရိုနဲ့အမြန်ထကာ ရေချိုးခန်းထဲအမြန်ပြေးဝင်၏။

ရေချိုးခန်းထဲရောက်မှ

"ထယ်ယောင်း ငါ့အိပ်ယာသိမ်းထားပေး"

ဒါပဲ ထယ်ယောင်းတို့က ပတ်ဂျီမင်း အမိန့် တသွေ မသိမ်းပဲ ဒီလောက်ကတော့ စာမဖွဲ့ပါ

ချစ်ရသူရဲ့ဝေယျာဝစ္စလိုက်လုပ်ပေးနေရတာကိုက Crazyဖြစ်နေတာမျိုး

"အာ ချစ်ဖို့ကောင်းလိုက်တာ ငါ့သူငယ်ချင်းက ငါ့အတွက် အဝတ်အစားထုတ်ပေးထားပေး ထယ်လေး"

"omm"

စောင်တွေခေါက်ပြီးကာရှိသေး အဝတ် အစားထုတ်ပေးရပြန်ပြီ ဒါတင်မက ဂျီမင့်အတွက် မနက်စာပါ စီစဉ်ပေးရဦးမယ်

Castle in the airDonde viven las historias. Descúbrelo ahora