Castle in the air 20

284 25 4
                                    

"မင်း ဘာလုပ်မလဲ သား"

Jimin ဘာစကားမှမပြောနိုင်သလို မျက်ရည်မကျမိအောင်ထိန်းရ၏။

"သားထယ့်ကို တာဝန်ယူမယ်မလား"

မေမေ့စကားသံရဲ့အဆုံး Jiminခေါင်းကလေး ငြိမ့်ကာ ဖြေလိုက်ရုံသာ

"ဟို ကလေး ကလည်းခက်ပါတယ် အခု သူ့ကို ရှာလို့မတွေ့ကြသေးဘူး"

"ရှာတွေ့ခဲ့ရင် ကျွန်တော်သူ့ကို သတ်မိမှာ မေမေ"

အမေက သက်ပြင်းကလေးချကာ သူ့ပုခုံးခပ်ဖွဖွပုတ်ကာ အခန်းထဲကထွက်သွားသည်။

သူမ မီးဖိုချောင်ထဲကနေ ချက်ပြုတ်ထားတဲ့စားစရာတွေ ချိုင့်ထဲထည့်နေရုံသာ...

သားဖြစ်သူအတွက်ဆိုတာထက် သားမက်ဖြစ်မယ့် ထယ်လေးအတွက် စိတ်မကောင်းတာ.....

"ကူးငယ် ဘယ်သွားမှာလဲ"

"ဟိုရောက်ရင် ကိုကိုသိမှာပါ...."

ကူးငယ်မျက်နှာက တစ်ခုခုအလျင်လိုနေသလို ကားကိုလည်း လိုအပ်သည်ထက်မြန်မြန်မောင်းနေတာ ပြီးတော့ အခုသွားနေတာလည်း မြို့ပြင်ရောက်နေပြီမို့ စိတ်ထဲ မအေးနိုင်တော့ဘူး"

"ကူးငယ် ကားရပ်လိုက်"

"ဘာလို့လဲ "

"မင်းကားနောက်လိုက်မစီးချင်တော့ဘူး"

"ဟားဟား နောက်ကျသွားပြီ "

JKရဲ့ စိတ်တွေ ဘယ်လိုဖြစ်နေလဲ မတွေးတတ်ဘူး အခုချိန် မှာ ကိုယ်က ပွဲထကြမ်းလိုက်ရင် ၂ယောက်သား ဘာအကျိုးမှမရှိဘူးလေ စိတ်ကို တည်ငြိမ်အောင် ကိုယ်ကိုတိုင် ကလည်း လမ်းဘေး ကတောင်တန်းတွေ တစ်ချက်ကြည့်ပြီး သက်ပြင်းအခါခါချကာ ဒေါသတွေ စိုးရိမ်မှုတွေ လျှော့ကာ နေရသည်။

သူ့ဆီက ဘာအသံမှ မထွက်တော့ Jkတစ်ချက်အကဲခတ်ကာ ကားအရှိန်လျှော့လိုက်၏။

"ကိုကို စိတ်ဆိုးနေသလား"

ပြန်မဖြေမိပေ စကားပြောချင်စိတ်မရှိအောင်စိတ်ပျက်နေမိပြီ ကူးငယ်

"ကိုကို...."

ကိုကို စိတ်ဆိုးနေတာ သိတာမို့ ကားကို လမ်းဘေးကပ်ရပ်လိုက်သည်။

Castle in the airWhere stories live. Discover now