Castle in the air 8

435 38 9
                                    

"ထယ်ယောင်း"

"ပြောလေ "

သူမ ထယ်ယောင်း နားနားလေးကပ်ကာ တိုးတိုးလေးပြောနေရင်း Jiminဘက် တစ်ချက်လှမ်းကြည့်တော့ ဂျီမင် ရဲ့ နဂါး တစ်ကောင် ဒေါသ ထွက်နေတဲ့ မျက်နှာထားမျိုးနှင့် မို့ သူမ ရယ်ချင်တာကို မရယ်မိအောင် တော်တော်ကြိုးစားလိုက်ရ၏။

Jkဘက်ကို ကြည့်မိတော့ Jk လေးက ငယ်သေးလို့ ထင်ပါရဲ့ သူ့စိတ်ထဲရှိနေတဲ့အတိုင်း အူတိုတို နဲ့ စိတ်ထဲ ဘာပြောနေလဲ သိချင်တဲ့စိတ်နဲ့ အတင်း လည်ပင်းထောင်ကာ နားစွင့်နေတော့ သူမ ကြည့်တာနေတာကို သတိမထားပေ ထယ်ယောင်း မျက်နှာ ကြည့်ကာ အကဲခတ်နေရှာ၏။

"နင် သိပ် ဘဲကြည်တာဘဲ"

ထယ်ယောင်း ကြောင်သွား၏။ သူမ တိုးတိုးလေးပြောတာ ဒီစကားတဲ့လား

"Jiminနဲ့ Jkဘယ်သူ့ကို နင်ရွေးမှာလဲ"

"အာ..."

သူမ ကပ်ပြောနေတာကို လူက သဘောပေါက်ပြီမို့ အမြန် သူမ နား ကပ်နေတာကို ခွာပြီး စားပွဲရှေ့က ရေခွက်ယူကာရေသာက်လိုက်ရသည်။

"အွတ် အင်း အွတ်"

ထယ်ယောင်း ရေသီးတော့ ဟို နှစ်ယောက်က ပျာပျာသလဲ Jiminကသူ့ရှေ့က tissueယူပြီးပေးသလို Jkကလည်း သူ့အင်္ကျီအိတ်ထောင်ထဲက လက်ကိုင်ပုဝါအား ပေးတာမို့ သူမ ရယ်ချင်စိတ်ဒီတစ်ခါ ထိန်းမရတော့ပေ ရယ်ချလိုက်တော့၏။

သူမရယ်သံကြောင့် Jkက ရှက်ရှက်နဲ့ လက်ကိုင်ပုဝါလေး ပြန်ရုတ်လိုက်ပေမယ့် Jiminက ထင်သလို ရှက်အမ်းမနေတာကြောင့် ဒီကစားပွဲက ပိုစိတ်ဝင်စားစရာကောင်းသည်။

"ကလေးလား ဟမ် မင်းကလေ"

သူတို့နဲ့ မျက်နှာချင်းဆိုင်ထိုင်နေတဲ့Jiminက ထကာ ထယ်ယောင်းဘေး ကို သူ့ထိုင်ခုံ ဆွဲသွားကာ ထိုင်ပြီး ပါးစပ်မှာပေနေတဲ့ ရေ စက်လေးတွေအား tissueတောင် မသုံးဘဲ သူ့ဖမိုးနဲ့ တယုတယ သုတ်ပေးပြီး ဆူနေတော့၏။

"ဟမ် ထယ် မင်းက ကလေး ကြည့်ပါအုံး ပါးလေးတွေ ရဲကုန်ပြီ "

ပါးလေးကိုဆွဲဖဲ့တော့ ထယ်ယောင်း ဂျီမင့်လက်လေး ကို ဖယ်ကာ မျက်စောင်း လေး ထိုးပြလိုက်မိသည်။

Castle in the airWhere stories live. Discover now