Castle in the air 1

718 57 2
                                    

"ဂျီမင် "

"ဘယ်လိုလဲ သူက ငါ့ရည်းစားအသစ် ချောလား"

ဖုန်းထဲက ကောင်မလေးပုံအားကြည့်ကာထယ်ယောင်းတွေဝေလျက်

"ချောလားလို့"

သူမသိအောင်သက်ပြင်းခိုးချလိုက်ရ၏

"မင်းထားတဲ့ရည်းစားတွေအကုန်မိုက်နေတာပဲကိုမေးနေသေးလား"

"ဟား ဟား Park Jiminပဲလေ"

"ငါအခု မင်း နဲ့လိုက်ရအုံးမှာလား"

"ဒါပေါ့ Dateတိုင်း ငါဘယ်နှခါတစ်ယောက်ထဲ သွားလို့လဲ"

လာပြန်ပြီ ငါ့အသဲတွေကွဲရတာကြမင်းမမြင်ဘူး

"Oki "

Park Jiminက Play Boy လေ

အဲ့လိုအပြောတွေမှာ အဲ့ကောင်သာယာနေတာ ကျွန်တော်က သူ့ ဘေးက သူလိုချင်တာလိုက်လုပ်ပေးနေတဲ့အချစ်ရူးဗျ

ခပ်မိုက်မိုက်Typeနဲ့ ပြိုင်ကား အနက်ရောင်စီးတဲ့ သူ့ကို ကောင်မလေးတွေကမကြွေပဲနေမလား

ရည်းစားများတာကိုက သူ့အတွက် popularဖြစ်နေတာ ဒါကို သူမသာယာဘူးထင်နေလား

"ဖြည်းဖြည်းမောင်းကွာ"

လမ်းမထက်ပြိုင်ကားလေးသည် အရှိန်မြင့်လျက်

"နေအုံး"

ခါးပတ်ဖြုတ်ကာ ဆင်းမယ်လုပ်တော့ လက်လာဆွဲ၏။

"ဘာလဲ ဂျီမင်ရာ"

"ငါ Ice coffeeသောက်ချင်တယ်"

ဒီလူကအလိုက်သိတာပေါ့

"Okငါကန်တင်းက သွားဝယ်ခဲ့မယ် "

"Omm"

ကျွန်တော့်ကို

အချစ်ကဘာလဲဆို ပေးဆပ်ခြင်းလို့ဖြေမိမှာ

"သား ၁၀တန်းအောင်ရင် ဘာလုပ်မလဲ စာမေးပွဲက မလိုတော့ဘူးနော်"

မေမေက ငယ်ကတည်းက စိတ်တိုင်းကျ ပေးနေပေးတယ် အခုလည်း စိတ်တိုင်းကျ ရွေးချယ်ခိုင်းမှာပဲ

"ကိုကိုနဲ့အတူ ကျောင်းတက်မှာမေမေ"

မေမေပြုံး၏။

"ဒါဆို သားကိုကိုလိုပဲ နည်းပညာလေ့လာမယ်ပေါ့"

"ဟုတ် "

Castle in the airWhere stories live. Discover now