Castle in the air 13

371 34 6
                                    

"စည်းကမ်းတွေ မတင်းကြပ်ပေမယ့် ဒီအချက်ကြီးက ဘာလဲဟာ"

ကောင်မလေးက နှာခေါင်း ရှုံ့ကာ နံရံဗီနိုင်းကြည့်ပြီး ပြောနေလေရဲ့

"ဟမ် ၁အချက် ဝန်ထမ်း အားလုံး မနက် ၉နာရီ ထက်တစ်မိနစ်လေးမျှ မနောက်ကြရ

၂အချက် ဝန်ထမ်း အချင်းချင်း ရန်မဖြစ်ရ

၃အချက် အားလုံးဖော်ရွေစွာ လေးစားဆက်ဆံပြီး အလုပ်ကြိုးစားရမည်။

၄အချက် ပြောစရာ တိုင်ပင်စရာ ဆွေးနွေးစရာရှိပါက Kim Taehyung ဆီ တိုက်မသွားရ Park Jimin ဆီသာ လာရောက်အစီရင်ခံရမည်။

အချက်တွေက ပုံမှန်ပေမယ့် နောက်ဆုံးအချက်က ထူးဆန်းနေသလားနှော "

"အေးလေ အဲ့တာပြောတာ ပိုင်ရှင်က သူငယ်ချင်း ၂ယောက်လုံးမလား အကို ထယ်ယောင်း နဲ့ အကို ဂျီမင် နှစ်ယောက် ပိုင်တာမလား ဒီ အရောင်း ပြခန်းက"

ထိုအချိန် ပိုင်ရှင် ၂ယောက် ဝင်လာ၍ ဝန်ထမ်းများ ပျာပျာသလဲ ကိုယ့်အလုပ်နေရာကိုယ်ပြေးကြ၏။

Jiminက ဝန်ထမ်းတွေရှေ့မှာဆို တအား တည်တာ အပြုံးအရယ်မရှိဘူး အခုလည်း ဆိုင်ထဲ ရောက်ပြီဆိုကတည်းက လူကို စကားပြောလက်စတောင်မပြောတော့ဘဲ ဘေးချင်း ယှဉ်လျှောက်နေတာ

ထယ်ယောင်း ဝန်ထမ်းတွေဘက်လှမ်းကြည့်တော့ သူတို့အကုန် က ကျွန်တော်တို့ ကြည့်နေကြပြီး ပြုံးပြ ကြ၏။ ထယ်ယောင်းလည်း ပြန်ပြုံးလိုက်သည်။

ရုံးခန်းထဲကို နှစ်ယောက်သား ဝင်သွားတော့မှ ဝန်ထမ်းတွေ အကုန် သက်ပြင်းချနိုင်ကြ၏။

"အမလေး မောလိုက်တာ အကိုဂျီမင့်ကိုကြောက်လွန်းလို့ ရူးတော့မယ်"

"ငါတော့ အမောပြေပါ့ အကို ထယ်ယောင်း က တကယ် ချစ်စရာ Crush ဖို့ စိတ်ကူးထဲက မင်းသားလေး"

"အေး ဟယ် ငါ ချစ်လိုက်တာ "

"အဟမ်း"

ကောင်မလေးတွေ နား ဝန်ထမ်းကောင်လေး တချို့ရောက်လာတာနဲ့ ကောင်မလေးတွေ စကားပြော ရပ်လိုက်ကြ၏။

"ထယ်ယောင်း ဒီနေ့ အစည်းအဝေးရှိတယ်နော်"

ထယ်ယောင်း ဖုန်းကိုင်ပြီး ပြုံးနေတာမို့ ဂျီမင်သိချင်၍ စကားစလိုက်၏။

Castle in the airWhere stories live. Discover now