Castle in the air 15

336 28 4
                                    

"Hello ကလေးလေး"

အိပ်ယာနိုးကာစ အိပ်ချင်မူးတူးလေးဖြစ်နေတဲ့ ထယ်ယောင်း ခါးလေးကိုဆွဲဖက်ကာ ပုခုံးပေါ် မေးတင်လိုက်၏။ အနောက်ပနေ ဆွဲလိုက်တာမို့ ထယ်ယောင်း အိပ်ချင်စိတ်ပြေပျောက်ခဲ့ပြီ

"ဟင် လွှတ် စမ်း Park Jimin"

ဂျီမင် ထယ်ယောင်း လည်တံလေးကို တရှုံ့ရှုံ့ နမ်းရင်း ခါးထက်က လက်ကို ကျစ်နေအောင် ဖက်ထားလိုက်သည်။

"ယားတယ် မနမ်းနဲ့ "

"အင်းးး"

အင်းလို့ပြောပြီး လည်တံကို လျှာနဲ့ လိုက်ယက်နေတာ

"အဟင်းးး"

မေမေ့အသံကြားတော့ ထယ်ယောင်း လန့်ဖျန့်သွားမိတာ ဂျီမင်က နမ်းနေတာ ဖယ်လိုက်ပြီး ခါးထက်က လက်ကို တော့ မဖယ်ပါ

"မေမေ"

"အန်တီ"

"အဲ့တာဘာဖြစ်နေတာလဲ ဂျီမင် အန်တီ့သားကမကြိုက်ရင် အတင်း ကပ်မနေနဲ့ "

Jimin အန်တီ့စကားကို သဘောမကျတာမို့ မျက်နှာထားတည်သွားပြီး စကားက ခွန်းတုံ့ပြန်မိ၏။

"ထယ်က ကျွန်တော့်အထိအတွေ့နဲ့အသားကျပြီးသားပါ သူ စိတ်ဆိုးနေလို့ ချော့နေတာ ပါအန်တီ"

ထယ်ယောင်း မျက်မှာကြုပ် ကာ ဂျီမင့် ခါးထက်က လက်အား ဖယ်လိုက်၏။

မေမေက တော့ Jimin စကားကိုသဘောမကျတာမို့ မျက်နှာထားပိုခက်ထန်ကာ

"အန်တီက ထယ်ယောင်း အမေနော် မင်းနဲ့ မင်းမေမေကို အန်တီ ခင်မင်တာမို့ သားနဲ့ မင်းကို အန်တီ ဘာမှ အခြေအနေတွေ တင်းကြပ်မထားတာ ပြီးတော့ မင်းသတိထား ဂျီမင် ဒီနေ့ကစ သားထယ်ယောင်း ကို အနေကြပ်အောင်လုပ်ရင် အန်တီ မင်းအမေနဲ့ဘယ်လောက်ခင်ခင် ခင်မင်မှုကို ရပ်တန်းကရပ်မယ်"

Jiminအကြပ်ရိုက်ကာ သက်ပြင်းချလိုက်မိ၏။

"စောဏက စကားလွန်သွားတာ တောင်းပန်ပါတယ် အန်တီ ထယ့်ကို ကျွန်တော်နဲ့ လွဲရင် ဘယ်သူနဲ့မှ မထိတွေ့စေချင်တာမို့ ပိုင်စိုးပိုင်နင်းပြောလိုက်မိတာပါ"

"မင်းမေမေ ဧည့်ခန်း မှာရှိရင် လာနှစ်ယောက်လုံး ဧည့်ခန်းလိုက်ခဲ့ကြ"

Castle in the airWhere stories live. Discover now