Castle in the air 10

408 39 7
                                    

သိပ်ချစ်ရတဲ့သူက ဘဲ နာကျင်ရတာမင်းသိလားးးးး

ထယ်ယောင်း ဂျီမင် ပျောက်သွားတာကြာပြီမို့ လိုက်ရှာ နေမိလည်း Jkက သူပါ ဘေးကနေ ကူရှာပေးရှာတယ်

အခုလည်း ဂျီမင့်ကို သူ့အဒေါ်တို့ ဘက် သွားနေတယ်ဆိုလို့ နှစ်ယောက်သား ကားနဲ့ မနက်ကတည်းက ထွက်လာတာ နေ့လည် တောင်ရောက်ပြီ ခရီးက ဝေးတော့ အခုထိ နေရာ ကိုမရောက်သေးပေ

"ကိုကို ကျွန်တော် ကားမောင်းရမလား"

"နေပါကူးငယ် ကိုကို ဘဲ ကားမောင်းမယ်"

တွေးကြည့်ရင် Park Jiminက သိပ်ချဉ်စရာပါ သူဘလုပ်ချင်ရာလုပ်ပြီး လူကို စိတ်ပူအောင်လုပ်တယ် ငါ့ဖုန်းကိုကြ မကိုင်ဘူး ကူးငယ်ဖုန်းဆက်ရင်ကြ ကိုင်တယ် သူတည်ရှိတဲ့နေရာကြ မပြောဘူး

Ttttt

"ဟယ်လို "

ကူးငယ်က ဖုန်း ပြောနေတာမို့ အတွေးစ ကိုဖြတ်ကာ လမ်းဘေး တစ်ချက်လှမ်းကြည့်ပြီး ကားကို ပြန်အာရုံစိုက်လိုက်သည်။

"ခင်ဗျား ဘယ်မှာလဲ "

ဂျီမင် နဲ့ပြောနေတာသေချာတာမို့ ထယ်ယောင်း ရင်တွေ ခုန်သွားမိတယ်

အခုချိန် Park Jiminအသံကို ကြာစချင်လွန်းလို့ ဖုန်းကို ဆွဲ လုပြီး နားထောင်ချင်မိတယ် ဒါပေမယ့် Jk ကိုငဲ့ညာတဲ့အနေနဲ့ နားစွန့်ရုံသာနေလိုက်မိသည်။

"အင်း ခင်ဗျား ဘယ်မှမသွားဘူးပေါ့ "

"ဟားဟား ကျွန်တော်လား ခင်ဗျားကိုစိတ်ပူမှာ "

"တော်ပါ ရူးမနေနဲ့ ခင်ဗျားလား ကျွန်တော့် လွမ်းမှာ"

ကားမောင်းနေတဲ့ လက်တွေ အမည်မသိတဲ့ခံစားချက်ကြောင့် တုန်ရီနေမိသည်။

မနာလိုစိတ်လား ဒါသလား အို ဗိုက်ဆာနေတာလား ဘာကြောင့်လဲမသိဘူး စိတ်ထဲ ကြည်လင်မှုမရှိတော့ပေ

ဂျီမင့်ကို တွေ့ရင် ရော ဘယ်လိုဖြစ်နေမလဲ ကိုယ့်ကိုယ်ကို မသိဘူး ကူးငယ်ကရော အခုထိ သူ့ကောင်လေးလား ငါကရော ငါက .....

"ကိုကို...."

ကူးငယ်ရဲ့ ခေါ်သံကြောင့် ထွက်နေတဲ့ ဒေါသကို ချောင်ကပ်ကာ အားယူပြုံးပြလိုက်ရသည်။

Castle in the airWhere stories live. Discover now