Castle in the air 12

318 33 1
                                    

"ကိုကို နဲ့ ကျွန်တော့်ကို ဘယ်သူ့ရွေးမှာလဲ "

JKရဲ့ မေးခွန်းကြောင့်ဂျီမင် ဖတ်လက်စ စာအုပ်လေး ပိတ်ချလိုက်ရသည်။

Jkရဲ့ မျက်နှာ မှာ အဖြေတိကျမှုကို လိုချင်နေတာ ထင်သာနေတာမို့ တွေဝေခြင်း မရှိ ဖြေလိုက်သည်။

"ထယ်ယောင်း ရွေးမှာ"

Jk တောက်တစ်ချက်ခေါက်ကာ

"ဘာလို့တွဲနေအုံးမှာလဲ ဇာတ်လမ်းက ပြီးပြီ"

Jkမျက်ရည်တွေ Jkတောင်မသိ ခုန်ဆင်းကုန်၏။

Jiminပြုံးရယ်လိုက်ပြီး Jkမျက်ရည်တွေ လက် ဖဝါးနဲ့ ဖယ်ရှားပေးပြီး ခေါင်းလေး နမ်းလိုက်သည်။

"ဟင့် ခင်ဗျား မကောင်းဘူး"

"ကိုယ်က ထယ်ယောင်း နဲ့မင်း နဲ့မှ မဟုတ်ဘူး ဘယ်သူနဲ့ ယှဉ်ယှဉ် ထယ်ယောင်းကိုရွေးချယ်မှာ မင်းလည်း ငါ့လိုဘဲလေ ငါနဲ့ ထယ်ယောင်းဆို ဘယ်သူ့ရွေးမှာလဲ ငါသိပြီးသားဘဲမလား"

Jk ဂျီမင့် ကို မျက်စောင်း ထိုးလိုက်၏။

"ကိုကို ကကျွန်တော့် မချစ်ပါဘူး ခင်ဗျား ချစ်တာ ခင်ဗျားကရော ကျွန်တော့်မချစ်ဘူး ကိုကို့ချစ်တာလေ ဘဝကလည်း အထီးကျန်လိုက်တာ"

ဂျီမင် Jkပုခုံးလေး ဖက်လိုက်ပြီးနှစ်သိမ့်ပေးရင်း စကား ဆက်ပြောလိုက်သည်။

"​​ပြောရရင် ငါ မင်းကို ရည်းစားတစ်ယောက်အနေနဲ့ ဂရုစိုက်ပေးနိုင်ပါတယ် မင်း ခွင့်ပြုရင်ပေါ့ ဒါပေမယ့် မင်း ငါ့ကို မချစ်ရဘူးနော် ငါဘယ်သူ့အချစ်မှ မလိုချင်ဘူး မင်း အထီးမကျန်တော့ဘူးပေါ့"

Jkဖုန်းလေး ထုတ်ကာ ဂျီမင့်ဆီ လှမ်းပေးသည်။

"ဘာလဲ"

"fst dateအနေနဲ့ ပုံရိုက်ကြမယ်"

ဂျီမင် Jkအပြုံးလေးကိုမြင်တော့ လိုက်ပြုံးလိုက်သည်။

Jkမင်းထယ်ယောင်းဆီက မရတဲ့ ဂရုစိုက်မှု ငါပေးနိုင်ပါတယ် တစ်ခုဘဲ ထယ်ယောင်းကို မင်းဆီ မပေးနိုင်ဘူး

"Jk ငါ့ကို မင်းရည်းစားအဖြစ် သဘောတူပြီလား"

Jkခေါင်းလေး ငြိမ့်ကာ Jiminရင်ခွင်ထဲတိုးဝင်လိုက်တော့ Jiminပြန်ဖက်ထားလိုက်မိသည်။

Castle in the airWhere stories live. Discover now