Castle in thr air 11

346 32 4
                                    

"ဒီနေ့ အတွက် ဘာအစီအစဉ်ရှိလဲ ကိုကို "

ကူးငယ် က ဘေးကနေ ကပ်နေပြီး သူ့ကို စိတ်ဆိုးနေတယ်ထင်ပြီး ချော့ရှာသည်။ကိုယ်က မီမြောင်း ကောင်မလေး နဲ့ IGကနေစကားပြောနေတာမို့ သူ့ကို ဂရုမစိုက်မိတာ

"ကိုကို စိတ်မဆိုးပါနဲ့ ဂျီမင်နဲ့ ကျွန်တော် အဲ့နေ့က ကိုကို မပါဘဲ သွားတာမဟုတ်ပါဘူး ကိုကို့ကို ဖုန်းဆက်တယ်လေ ကိုကိုဖုန်းမကိုင်ဘူး"

ကူးငယ်ကို တစ်ချက်ကြည့်လိုက်ပြီး ဖုန်းကိုသာ ဆက်နှိပ်လိုက်သည်။

💬မီမြောင်း နဲ့အဆင်ပြေရင်ပြီးတာဘဲ ငါက သူ့မိဘတွေကို သူ့အတွက် တာဝန်ယူပါတယ် ပြောပြီး ဒီခေါ်လာရတာ

🗨အေးပါ ငါနားလည်ပါတယ်

စကားပြောပြီးလို့ ကူးငယ် ဘက်လှည့်လိုက်တော့ ကူးငယ်ငိုနေလေရဲ့

လူက အမြန် ကူးငယ်ဘေး ထသွားရ၏။

"ဟမ် ကူးငယ် ဘာလို့ လဲ"

"ကိုကို ပစ်ထားတယ်လေ "

ထယ်ယောင်း ကူးငယ်ရဲ့ ကလေးဆန်မှုကို ရယ်လိုက်ပြီး ကူးငယ်ဘေး ထိုင်လိုက်သည်။

"အဲ့လိုမဟုတ်ပါဘူး ကိုကို မအားလို့ပါ ထ ကိုကိုတို့ အပြင်သွားပြီး မုန့်စားမလား "

ကူးငယ် ချက်ချင်း ရွှင်လန်းသွားကာ ထယ်ယောင်း ကိုဖက်လိုက်သည်။ထယ်ယောင်း ကတော့ ကူးငယ်ကို သဘောကျကာ ထပ်ရယ်လ်ုက်မိစည်။

"ကလေးလား ကူးငယ်ရာ မင်းက "

"ကိုကို မုန်းမှာ အကြောက်ဆုံးဘဲ "

ထယ်ယောင်း သက်ပြင်းလေး ချလိုက်မိသည်။။ကူးငယ် ကသိတော့ ထယ်ယောင်း ကို ကြည့်ကာ စကားဆိုလိုက်သည်။

"ကိုကို ကျွန်တော့်ကို မချစ်တာသိပါတယ်"

ထယ်ယောင်း ကူးငယ် စကားကြောင့် စိတ်ထဲ ကူးငယ်ကို အားနာမိတာ

"အဲ့လို မဟုတ်ပါဘူး ကူးငယ်ကို ကိုကို ငယ်ကတည်းက ညီလေး အရင်း လို ချစ်ပါတယ်"

သိပ်လည်တဲ့ ကိုကိုက စကားနဲ့ စည်းခြားထားတာမို့ ကူးငယ် မဲ့ပြုံးလေး ပြုံးလိုက်မိသည်။

Castle in the airWhere stories live. Discover now