Castle in the air 14

387 32 4
                                    

"တစ်လ ကို ကား အစီး ၃၀ ရောင်းထွက်ရင် Tip ရမှာမလား"

"အေး ဒီနေ့ လကုန်ရက် ကားက ဒီလ ၂၇စီး ရောင်းရပြီး ၃စီးဒီနေ့ရောင်းရရင် ငါတို့မိုက်ပြီ"

Sale ကောင်မလေးတွေ ကား တွေ ကြည့်ကာ customerမျှော်ရင်း စကားဖောင်ဖွဲ့နေကြ၏။

"ဒါနဲ့လေ ဒီ Showroom က အကို ဂျီမင် ပိုင်တာ သိလား"

"ဘာကသာ အကို ထယ်ယောင်း ရောပိုင်ပါတယ် သူတို့သူငယ်ချင်း အတူတူဖွင့်ထားတာကို"

ကောင်မလေးက ကိုယ့်အတွေးနဲ့ကို ပြုံးလိုက်ပြီး

"အကို ထယ်ယောင်းက အကို ဂျီမင့်အပိုင်ဘဲဟာ "

ထိုအခါမှ စောဏက စကားနားလည်ကာ သတို့ပြုံးလိုက်ကြ၏။

"ငါလေ ငါ့အိမ်က အမကို ဟိုနေ့က သူတို့နှစ်ယောက်အကြောင်းပြောပြတော့ ငါ့အမက အကိုဂျီမင်နဲ့ထယ်ယောင်းကိုသိတယ်တဲ့"

မိန်းကလေးတို့သည် စပ်စုရတာ ကြိုက်တာမို့ အခုစကားဝိုင်းဟာ ပိုလို့ စိတ်ဝင်စားဖွယ်ကောင်းနေမည်။

"ပြောပါအုံး သူတို့နှစ်ယောက်အခြေအနေက"

"အကို Jiminက ရည်းစားတွေတအားများတာတဲ့ဟ ကျောင်းမှာ အကို ထယ်ယောင်းကတော့ သူ့ဘေး အမြဲရှိနေတာတဲ့ အကိုဂျီမင်ရည်းစားတွေပြတ်တာ အကိုထယ်ယောင်းနဲ့သူ့ကို သူ့ကောင်မလေးတွေက ရိသဲ့သဲ့ စကားနဲ့အနိုင်ပိုင်းလို့တဲ့"

"အခုကရော သူတို့က ရည်းစားတွေမဟုတ်ဘူးလား "

"အဲ့တာတော့ ငါ့အမဘယ်သိမလဲ သူတို့နှစ်ယောက်က သိပ်ချစ်တာ တော့ သေချာမှာဘဲကျောင်းပြီး လို့ဘွဲ့တောင်မယူရသေးဘူး အလုပ်အတူတူ လုပ်နေပြီ Soulmateတွေလည်းဖြစ်မှာဘဲ "

ကောင်မလေး တစ်ယောက်ကသေချာစဉ်းစားကာ

"ဟိုနေ့က ငါသေချာကြားတာပါ Babeတဲ့ အကို ဂျီမင်က ခေါ်တာများ အူတွေ ကိုယားလို့ အကို ထယ်ယောင်းခဗျာ ရှက်နေတာ"

"အဟမ်း"

Customerလာတာမို့ သူတို့တွေ လူစုခွဲလိုက်ကြ၏။

"အန်တီ ဘာအလိုရှိလဲရှင့်"

"ဂျီမင် ရှိလား"

Castle in the airWhere stories live. Discover now