Castle in the air 21 (new)

272 21 2
                                    

ကျော်စရစ်ကျောက်ခဲတုံးလေးတွေ ပေါ်ပြေးရင်း ကိုကို့ကို လိုက်ဖမ်းရတာမောလိုက်တာ ကိုကိုက သူ့ကိုမစောင့်ဘဲပြေးလိုက်တာ ဒီလူက မမီတော့ဘူးးးးး

အာ.

ကျောက်တုံးနဲ့တိုက်မိ၍ လဲကျသွားတာနာလိုက်တာ ခေါင်းထိသွားတယ်ထင်တယ်

"သတိရလာပြီလား"

မျက်လုံးလေး အားယူဖွင့်ကြည့်တော့ ဆံနွယ်တွော ကျောလယ်လောက်ရှိတဲ့ အမျိုးသမီးတစ်ဦး ဘေးတိုက်မြင်နေရတာတောင် သူ့မျက်နှာကျော့ရှင်းနေတာ.....

လက်တွေက သစ်သားတန်းပေါ်က ဆေးဘူးလေးတွေယူလိုက် အရွက်တွေကို ရေခြောက်အေညင်သုတ်လိုက်နဲ့ အလုပ်ရှပ်နေတာ

သူ့ဘက်ကို လှည့်လိုက်တဲ့အချိန် အမြန်ဘဲ သူအကြည့်လွှတ်လိုက်၏။

"နေကောင်းရဲ့လား"

ထိုသူကိုအကဲခတ်လိုက်မိသည်။

အဝတ်အစားက တရုတ် နန်းတွင်းဆန်ဆန် အင်္ကျီဖားဖားနဲ့ မို့ မိန်းကလေး ထင်ထားပေမယ့် အနားရောက်လာမှ လည်စလုတ်နဲ့ မို့မောက်မောက် ရင်သားမရှိတာကြောင့် ယောက်ျားလေးလားဟုတွေးလိုက်မိသည်။

"မင်းကို ငါရှာတွေ့လို့ခေါ်လာတာ တောင်ပေါ်ကနေ ပြုတ်ကျတာ ရေကန်ထဲ ရောက်လို့ ဘာမှမဖြစ်တာ ကံကောင်းတာဘဲ "

"ခင်ဗျား ကျွန်တော့်ကယ်တာလား"

"ကယ်တယ်မဟုတ်ပါဘူး တွေ့လို့ခေါ်လာရုံဘဲ "

ပြောရင်း လက်က ကိုင်လာတဲ့ ဆေးရွက်နဲ့ နားထင်နာူ ကပ်ချလိုက်၏။

"အားးး စပ်တယ် "

"ခံနိုင်ရည်ရှိရမှာပေါ့ တောင်ပေါ်ကတောင်ခုန်ချသေးတာဘဲ"

"ခုန်မချပါဘူး "

ကပ်ကပ်လန်ပြန်ပြောနေတဲ့ မောင်မင်းကြီးသားအား ကျန်နေသေးတဲ့ ဆေးရွက်နဲ့ လက်မောင်းက ဒဏ်ရာအား ကပ်ချတော့မှ မဲ့ရှုံ့ကာ ပါးစပ်ပိတ်နေတော့သည် ။

"ငါ ခဏနေ ပြန်လာမယ်"

လှည့်ထွက်သွားမယ်လုပ်တဲ့ သူလက်အားအမြန်ဆွဲလိုက်တော့ လျင်တဲ့သူမို့ လူကို လက်ပြန်လိမ်လိုက်၍ သူဘဲ နာရသည်။

Castle in the airWhere stories live. Discover now