Castle in the air 3

449 43 5
                                    

"ခင်ဗျားက ကျုပ်ကို ဘာလို့တွေ့ချင်တာလဲ"

"မင်း ထယ်ယောင်းကို ကြိုက်နေတာလား"

"ဗျာ"

မေးလာတဲ့မေးခွန်းက သူထင်မထားတဲ့မေးခွန်း

"ငါ သိပါတယ်"

"မဟုတ်ပါဘူး "

ဟင်း ငြင်းသာငြင်းနေတာ မျက်လုံး ကလိမ်လို့မရဘူး ချာတိတ်ရာ

"ထားပါ ငါနဲ့ တွဲမလား"

"ဘာ!"

"အော်စရာပါလား"

"ကျွန်တော်က Straightဗျ"

"ငါလည်း straightဘဲ "

"ဒါဆို ဘာသဘောလဲ"

"အကြောင်းရှိလို့ "

ကိုကို မုန်းသွားမှာကြောက်တယ်

ကိုကို့ကို မချစ်တော့ဘူးလို့ ကိုကို ထင်နေမှာပေါ့

ပြီးတော့ ကိုကို ချစ်နေတာ ဒီ လူ့ကိုလေ

ကျွန်တော်က ဝင်လုတာဖြစ်နေမှာပေါ့

"မင်းရဲ့ကိုကို့အနား အချိန်ပြည့်မနေချင်ဘူးလား ဟမ် ထယ်နဲ့ငါက အချိန်ပြည့်အတူ ရှိနေတာ မင်းသာ ငါ့အနား နေရင် မင်း ကိုကိုနဲ့ အတူရှိနေရမှာ"

"ခင်ဗျားရည်ရွယ်ချက်ကဘာလဲ"

"မင်းနဲ့တွဲဖို့"

"ဟာဗျာ"

"ဟားဟား သဘောတူလား"

ဟုတ်ပါတယ် သူပြောသလိုသာဆို ကျွန်တော်က ကိုကို့ဘေး နေရမှာ

"တူတယ်"

"Oki ညနေတွေ့မယ်"

ပြောပြီးတာနဲ့ ချက်ချင်းဆိုင်ထဲက ထွက်သွားပေ၏။

ဖုန်းလေး ကောက်ကိုက်ကာ ကိုကိုဆီ ....

"ကိုကို "

"ပြောကူးငယ်"

"ဘာလုပ်နေလဲ ကျွန်တော်ပျင်းနေတာ"

"Jiminအိမ်မှာ သူအပြင်သွားလို့ ပြန်လာတာစောင့်နေတာ"

သြော် ငါစောဏက ဆုံးဖြတ်ချက်မှန်သွားတာဘဲ

"ဟုတ် ကျွန်တော် လုပ်စရာရှိသေးလို့  ဖုန်းချလိုက်တော့မယ်"

"အင်း "

စိတ်ထဲ မှာ ဂျီမင်ဆိုတဲ့ လူကို ကျေးဇူးတင်မိတယ်

Castle in the airWhere stories live. Discover now