Castle in the air 7

394 40 12
                                    

Internetကနေ ဆယ်ကျော်သက်အချစ်အကြောင်းရှာကြည့်မိတော့

ဒီအရွယ်က သစ်ရွက်လေး လေတိုက်ရင်လှုပ်သလို နှလုံးသားလေးက လှုပ်ရှားလွယ်တယ်တဲ့

Jk laptop ကkeyboards ထက်က လက်ချောင်းလေးတွေ လှုပ်ရှားရင်း Taehyung Accountထဲ ဝင်ကြည့်မိ၏။

ကိုကို က ဒီရက်ပိုင်း သိပ်ထူးဆန်းနေတာ သူ့ဆီကိုလည်းမလာ သူပို့တဲ့ စာတွေလည်း ပြန်မပို့ဘူး ဖုန်းဆက်တော့လည်း မကိုင်ဘူး

ဘဝမှာ ကိုကို တစ်ယောက်တည်းကို ၁၃နှစ်အရွယ်ကတည်းက ရင်ခုန်ခဲ့ရတာအခုထိ အခုချိန်မှာ နှလုံးသားက ရင်ခုန်စေသူ တိုးပေးလိုက်ပြန်တယ်

ကျွန်တော်မျက်နှာမများဘူး အခုရွယ်က စိတ်ကစားတဲ့အရွဟ်မို့ပါ ကျွန်တော် တကယ်ချစ်တာကိုကို့ ကိုပါ

Jimin accountထဲ ဝင်ကြည့်မိတော့ ကိုကို့ပုံလေးတစ်ပုံ တင်ထားတာတွေ့မိပြန်တယ် captionက

"အရူးလေး "တဲ့

ကိုကိုက အဲ့ဓာတ်ပုံထဲမှာ ရယ်နေတာ ချစ်ဖို့ကောင်းတယ်

Jk ထယ်ယောင်း ပုံလေးကို likeပေးလိုက်ပြီး Jimin chat boxထဲစကားသွားပြောလိုက်၏။

💬Hey

💬Omm

ဟွန်း ချေလိုက်တာ ငါကသူ့ကိုပြောချင်တယ်ထင်လို့လား

JKနှာခေါင်းလေးရှုံ့ကာ စိတ်မကျေနပ်မှုကို တစ်ယောက်တည်း ဖော်ပြနေမိ၏။

💬ကိုကိုနဲ့အဆက်သွယ်ရသေးလား

💬ရတယ်

Jk နှုတ်ခမ်းထော်မိ၏။

ဒါဘာကို အလိုမကျတာလဲ သူ့ကိုယ်သူမသိဘူး သေချာတာ စိတ်ကောက်ချင်တယ် စိတ်ဆိုးချင်တာဘဲ သိတယ်

Jk laptopလေး ပိတ်လိုက်ပြီး အိပ်ယာထက်ပစ်လှဲ ချလိုက်ပြီး မျက်နှာချက်ကိုကြည့်ရင်း စိတ်ထဲ သဝန်တိုမှုကို ဖြေဖျောက်ဖို့ ကြိုးစားမိသည်

"ကိုကို ကျွန်တော့်ကို ပစ်ထားတယ်"

"Park Jimin ခင်ဗျားမကောင်းဘူး ကျွန်တော့်ဆီ စာလေးတစ်ကြောင်းတောင်မပို့ထားဘူး"

ရေရွတ်ရင်း မျက်လုံးလေးမှိတ်ကာ ဒီညတာကို အိပ်စက်ခြင်းနှင့်အနားယူလိုက်သည်

Castle in the airWhere stories live. Discover now