Castle in the air 23

342 27 5
                                    

"လေထဲတိုက်အိမ်ဆောက်ဖူးတယ် "

"ဘာကိုလဲ"

သူ့ကို ရေပက်တိုက်ရင်းပြောလာတဲ့စကားကအထူးအဆန်းမို့ သိချင်မိတယ်

"ကိုယ်ရူးကြောင်ကြောင်နိုင်လို့ အခုလို ဇာတ်လမ်းတွေရှုပ်သွားတာနော် ထယ်"

ထယ်ယောင်းပြုံးပြီး သူ့ရင်ဘတ်ပေါ်ကJimimလက်လေးယူကာ နူးနူးညံ့ညံ့လေး ကိုင်ထား၏။

"အချစ်လေ မင်းငါ့ကို ချစ်တာမို့ အခုလိုတွေ ဖြစ်လာတာလေ ငါကျေနပ်တယ် အစကတည်းက ဖွင့်ပြောလိုက်ရင် ငါတို့ အခုလောက်ကြီး ချစ်ပါ့မလား အခုလေ ငါမင်းကို ချစ်တာထက်ပိုတယ်ဆိုတာလည်း မင်းသိသလို ငါ့ကို မင်းသိပ်ချစ်ပြီး ဂရုစိုက်ကြင်နာတွေလည်း သိရတယ် "

Jiminထယ်ယောင်းကိုပွေ့ကာကုတင်ပေါ်တင်ပေးသည်။ကိုယ်ဗလာဖြစ်နေတာမို့ အဝတ် ဗီရိုထဲက အင်္ကျီယူကာ ထယ်ယောင်းကို ဝတ်ဆင်ပေးသည်။

"ဘောင်းဘီလဲရအောင်"

"အင်း"

အစစအရာရာ လိုက်လုပ်ပေးနေတာ အားနာရသည်။

"ငါအကူခေါ် လိုက်မလားလို့ မင်းပင်ပန်းပါတယ် "

Jimin ခေါင်းလေးခါကာ

"စိတ်မချပါဘူးကွာ nurse ကောင်မလေးဆိုလည်း မင်းကယောက်ျားလေး သူက မိန်းကလေး nurseကယောက်ျားလေးဆိုလည်း မင်းလေးက လှလွန်းတော့ ဒီလူရူးရချည်ရဲ့ ထယ်ရယ်"

နဖူးလေးနမ်းကာ ပြောလိုက်တာမို့ကျေနပ်မိသည်။

"ငါလေ...."

"ပြောလေ ထယ်"

Jiminနားလေးနားတိုးကပ်စွာ

"လက်ထပ်ချင်ပြီ"

Jiminအပြုံးကြီး ချက်ချင်းတောက်ပစွာ ပျော်နေတော့၏။

"တကယ်လား ထယ် ......ကျေးဇူးတင်တာထက်ပိုပါတယ် ကိုယ်ကြောက်နေခဲ့တာ မင်း ငြင်းမှာကို ကိုယ်စိုးရိမ်နေတာ မင်းအားငယ်နေခဲ့မှာ ကိုယ်ရူးလောက်အောင် စိုးရိမ်နေခဲ့မိတာ"

ထယ်ယောင်း Jiminဖက်ထားကာ ပုခုံးလေးနမ်းလိုက်တာဘဲ

"အဲ့လောက်ထိလား အင်း လူရွေးမှန်လို့ထင်တယ် ငါချစ်လိုက်တာ mineရာ"

You've reached the end of published parts.

⏰ Last updated: Mar 30 ⏰

Add this story to your Library to get notified about new parts!

Castle in the airWhere stories live. Discover now