စာစဉ် 66 (1 - 8)
12.3K 431 26
Book.              :  66
Chapter.          :  1 - 8
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၆၆၊ အခန်း ၁။ ငါက အရှက်မရှိတဲ့လူ မို့လို့လား
"အစ်မ ဖန်း"
လျိုယင်သည် အပြုံးဖျော့ဖျော့လေး ပြုံးကာ နှုတ်ဆက်သည် ။
လျိုယင်၏ရင်ထဲတွင် ရီဝမ်ဝမ်ကို ကျေးဇူးအတင်ကြီး တင်နေမိပါ၏ ။ သူမကြောင့်သာ မဟုတ်ပါလျှင် သူသည် လွတ်လပ်သောနယ်မြေကို ရောက်လာရမည် မဟုတ်သလို သူ့ ထက် အဆပေါင်း ထောင်သောင်းမက အင်အားကြီးကြသော ထိုသိုင်းပညာရှင်ကြီးများ၏ အထက်ကနေလည်း နေရမည် မဟုတ်လိမ့်ပေ ။
"သခင်မ"
အရုပ်မလေး ၊ ဖက်တီးနှင့် သူတို့အဖွဲ့ သည်လည်း
အမြန် လျှောက်လာကာ နှုတ်ဆက်ကြသည် ။
အားလုံးကို ခြံရံရင်း ရီဝမ်ဝမ် ဧည့်ခန်းထဲသို့
ဝင်သွားလိုက်၏ ။
လျိုယင်သည် သေခြင်းတရား၏နှင်းဆီ နှင့် ပတ်သက်သော ဂိုဏ်းသားများအကြောင်း စာရွက်စာတမ်းကို ထုတ်ယူလိုက်ကာ ရီဝမ်ဝမ်ကို ပေးလာသဖြင့် ရီဝမ်ဝမ်သည်လည်း သေသေချာချာ ဖတ်ရှုကြည့်လိုက်၏ ။
အခုတလောတွင် သေခြင်းတရား၏နှင်းဆီသည်
S-အဆင့် ကြေးစားသုံးယောက် ၊
S+ အဆင့် ကြေးစားတစ်ယောက်နှင့် တခြားသော သိုင်းပညာရှင်ကြီးများ ရာပေါင်းများစွာကို ခေါ်ထားနိုင်ခဲ့၏ ။
"အစ်မဖန်း ကျွန်တော်တို့ လူများများ ခေါ်ထားတော့ ကုန်ကျစရိတ်ကလည်း ပိုပိုများလာတယ် ၊ ဒီနောက်ဆုံး စာမျက်နှာက ကျွန်တော်တို့ရဲ့ ငွေရေးကြေးရေးအသုံးစရိတ် တွေပါ"
လျိုယင်သည် မျက်မှောင်ကြုတ်ကာ ထပ်ဖြည့်စွက် ပြောသည် ။
ရီဝမ်ဝမ် ချက်ချင်းပင် နောက်ဆုံးစာမျက်နှာကို လှန်ကြည့်လိုက်သည် ။
ဒီရက်ထဲတွင် သေခြင်းတရား၏နှင်းဆီက ကုန်ကျစရိတ် တော်တော်လေး ဖောင်းပွထားသည်ဟု ပြောရပေမည် ။
သို့သော်လည်း အဖွဲ့ အစည်းတစ်ခုသည် ပိုက်ဆံမရှိဘူး ဆိုလျှင်
မည်သို့ ဆက်ရပ်တည်နိုင်ပါလိမ့်မည်နည်း ။ စားဖို့သောက်ဖို့ပင် အနိုင်နိုင်ဖြစ်နေရလျှင် ဘယ်သူက အငတ်ခံကာ ထိုအဖွဲ့ ထဲ လာဝင်ပါလိမ့်မည်နည်း ။