စာစဉ် ၇၃ (၁၃-၁၈)
1.9K 285 17
Book.              :  73
Chapter.          :  13 - 18
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၇၃၊ အခန်း ၁၃။  ကျွန်မတို့မှာ သား ရှိလား
“တတိယအကြီးအကဲ ခင်ဗျား ဘာပြောလိုက်တာလဲ ။ ကျွန်တော့်အစ်ကိုရှန်းရဲ့ နောက်ခံကို ခင်ဗျား မသိတာကျနေတာပဲ ။ အစ်မ၀မ်ဝမ်သာ သခင်လေး ရှန်း ကို လက်ထပ်လိုက်ရင် ကျွန်တော်တို့လဲ အကျိုးရှိမှာပဲဟာ ။
ရှန်း မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုတွေအကုန်လုံးက ကျွန်တော်တို့လက်ထဲကို ရောက် .. ဟဲ ဟဲ ဟဲ”
ခုနစ်စင်ကြယ်က စိတ်လှုပ်ရှားလာလေပြီ ။
တတိယအကြီးအကဲက မဲ့လိုက်၏ ။
“အရေးမပါလိုက်တာ .. ငါတို့က မွဲနေလို့လား”
ထို့နောက်တွင် သူသည် ရီဝမ်ဝမ်ဘက်သို့ လှည့်လိုက်ကာ ..
“တကယ်တော့ … ကျွန်တော်က ငွေကို ဂရုစိုက်လို့ မဟုတ်ဘူး ။ တကယ့်အချက်က သခင်လေးရှန်းဆို မိန်းကလေးကို အရမ်းကောင်းကောင်း ဆက်ဆံင်္ပေးတယ် ၊ ဘာဖြစ်ဖြစ် လိုက်လျောပေးတယ် ။ သခင်လေး ရှန်း ကို လက်ထပ်လိုက်တာက အရမ်းကောင်းတယ်လို့ ထင်တယ် ။ ဒါဆို ပျော်စရာကောင်းတဲ့ဘ၀ကြီးကို မိန်းကလေး သေချာပေါက်
ပိုင်ဆိုင်ရမှာ ။ ဒီလိုလုပ်ပါလား … ဒီစီအကြီးအကဲကို အရင်ဆုံး ကွာရှင်းပစ်လိုက်ရင်ရော”
ရီဝမ်ဝမ် ။ “…”
ပထမအကြီးအကဲ ။  “…”
ခုနစ်စင်ကြယ် ။  “…”
ကြယ်ခုနစ် ။  “…”
“သောက်ကျိုးနည်း … မင်းတို့ကောင်တွေ ငွေမက်လှချည်လား ။ သခင်လေးရှန်းက ချမ်းသာတော့ကော ဘာဖြစ်လဲ ။
ငွေက စားလို့ရလို့လားကွ”
လင်းချွေ့  ဒေါသထွက်သွားလေပြီ ။
“ညီလေး … မင်းခေါင်း မြည်းကန်ခံလိုက်ရပြီလား ။
ငွေပါဆို ဘယ်စားလို့ ရပါ့မလဲ”
ခုနစ်စင်ကြယ်သည် လင်းချွေ့ အား ကြည့်လိုက်၏ ။
ချက်ချင်းပင် သူ သိချင်စိတ်ဖြစ်လာကာ မေးတော့သည် ။
“မင်းလဲပဲ သခင်ရှန်းကို သိတာပဲလား ။
မဟုတ်မှလွဲရော မင်း …”