စာစဉ် ၇၀ (၇-၁၂)
1.9K 293 18
Book.              :  70
Chapter.          :  7 - 12
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၇၀၊ အခန်း ၇။ ချိုမြိန်တယ်
တတိယအကြီးအကဲသည် ပထမအကြီးအကဲ၏ ကံဆိုးမိုးမှောင်ကျခြင်းကို ကျိတ်ဝမ်းသာအားရဖြစ်ကာ လက်ပိုက်ထားရင်း ဘေးနားမှာ ရပ်နေလေသည် ။
“ဒီကောင်လေးက ချော့မရ ချောက်မရလေး ။ သူ့ ကို ဖမ်းဖမ်းချင်း ပါးစပ်ထဲမှာ ဖွက်ထားတဲ့အဆိပ်ကို ဖောက်ဖို့ လုပ်လိုက်သေးတယ် နံရံကို ခေါင်းနဲ့ဝင်ဆောင့်ပြီး သတ်သေဖို့လည်း လုပ်ခဲ့သေးတယ် ။
အချိန်မီ တားနိုင်လိုက်လို့သာ ကံကောင်းသွားတာ”
ခုနစ်စင်ကြယ်သည် လျောင်ကျားချီအနား ပတ်နေကာ
သိလိုစွာဖြင့် မေးလာသည် ။
“ဟျောင့် အဲ့လောက်တောင် ခေါင်းမာရလား”
ကြယ်ခုနစ်က ဖြေလာသည် ။
“သူက လျောင်ဟိုင်ချန်းရဲ့သားပဲလေ ..
သာမန်လူတွေထက် ကိုင်တွယ်ရတာ ပိုခက်မှာပေါ့”
ရီဝမ်ဝမ်သည် မျက်ခုံးတစ်ချက် ပင့်တက်သွားပြီး လျောင်ကျားချီအား လေးစားမိသွားကာ တအံ့တသြပြောလိုက် မိ၏ ။
“အင်း .. သူက တကယ့်ကို သတ္တိကောင်းသားပဲ”
စက်ရုံကြီးထဲဝယ် မိန်းကလေးအသံတစ်သံကို ကြားလိုက်ရ၍ လျောင်ကျားချီ စိတ်ရှုပ်ထွေးသွားပြီး မော့ကြည့်လိုက်မိသည် ။
ဒီဓားပြတွေထဲမှာ ဘာလို့ မိန်းကလေးတစ်ယောက် ပါလာတာလဲ ။ အသံလေးက အရမ်းကို ချိုသာလိုက်တာ .. ။
ထိုမိန်းကလေးအား သဲသဲကွဲကွဲ မြင်လိုက်ရချိန် လျောင်ကျားချီ အံ့သြသွားပြီး အစောနက ရက်စက်ကြမ်းကြုတ်နေသော သွေးဆာနေသော အမူအရာ သည်လည်း ချက်ချင်း အံ့အားသင့်သွားသည့်အသွင် ပြောင်းသွားရလေပြီ ။
“မင်း .. မင်း … မင်းက ဘယ်သူလဲ”
လျောင်ကျားချီသည် အားလုံး၏အလယ်မှာ ရှိနေသော ထိုမိန်းကလေးအား တအံ့တသြဖြင့် ကြည့်နေမိသည် ။
ထိုမိန်းကလေးသည် အနက်ရောင်နဲ့အနီရောင်အစင်းကြောင်းလေး ပါသော အားကစားဝတ်စုံကို ၀တ်ဆင်ထားလေသည် ။ ဆံကေသာမှာ ပိတုန်းရောင်လို နက်မှောင်လှပြီး အသားအရည်လေးမှာ နှင်းလို ဖွေးဥကာ ရုပ်ရည်လေးသည် ထွန်းလင်းတောက်ပ နေသည့် လမင်းကြီးပမာ ရွှန်းစားလွန်းပေသည် ။