စာစဉ် ၇၀ (၁၃-၁၈)
2K 309 23
Book.              :  70
Chapter.          :  13 - 18
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၇၀၊ အခန်း ၁၃။ ပန်းလေးလိုပဲ ဆက်လှနေပေးတော့မယ်
ကုန်ရွှီသည် ချက်ချင်း လျိုချန်းဆီ ပြေးတက်သွားပြန်သည် ။
“ငတုံးကောင် .. ငါ မင်းကို ပြောပြရဦးမယ် ။ အဲ့ဒီနေ့တုန်းက ဘာဖြစ်ခဲ့လဲ သိလား ။ မင်း စိတ်တောင် ကူးကြည့်ဖူးမှာ မဟုတ်ဘူး အစ်ကို ရီက နေမင်းကြီး လမင်းကြီးလိုပဲ ထွန်းလင်းနေတာ .. စစ်သားတွေနဲ့ မြင်းတွေ ထောင်ပေါင်းများစွာကြားထဲကနေ သက်တံ့တိမ်ကြီး စီးပြီးတော့ကို ငါ့ကို လာကယ်တာကွ ။
သူက အရမ်း ..”
“ပါးစပ်ပိတ်လိုက်တော့ မင်း ငါ့ကို ပြောနေတာ
အခေါက်ပေါင်း ၈၀၀ မကတော့ဘူး”
လျိုချန်းသည် ထိုစိတ်လှုပ်ရှားရွှင်မြူးနေသော ကုန်ရွှီအား အမူအရာကင်းမဲ့စွာဖြင့် ကြည့်ပေးလိုက်၏ ။
ကုန်ရွှီမှာ ချက်ချင်းပင် ဘ၀င်မြင့်ချင်ချင် ဖြစ်သွား၏ ။
“အဟက် .. သ၀န်တိုနေပြီမလား မင်း သ၀န်တိုနေပြီမလား”
လျိုချန်းသည်ကား ရှုတည်တည်သာ ဘာတစ်ခွန်းမှ ထပ်မပြောတော့ ။
ထိုအခိုက်အတန့်တွင် ကျန်းယန်ရန်သည် တံခါးဖွင့်ပြီး အထဲဝင်လာရာ ..
ကုန်ရွှီ ချက်ချင်းပင် လျိုချန်းအား စွန့် ပယ်ပစ်လိုက်ပြီး ကျန်ယန်းရန်ဆီကို လိပ်ပြာလေးတစ်ကောင်လို ပြေးတက်သွားလေပြီ ။
“ယန်ရန် ယန်ရန် ယန်ရန် ငါ မင်းကို ပြောပြရဦးမယ် ။ ဟိုတုန်းကလေ အခြေအနေက တော်တော်ကို တင်းနေခဲ့တာ သိလား ။ မင်းရဲ့ နည်းနည်း နည်းနည်းလေး ငယ်တဲ့ သခင်ငယ်လေး ငါ့မှာလေ ဟိုကောင်တွေရဲ့ ခါးပတ်ချွတ်တာ ခံရတော့မလို့ .. ဒါပေမယ့် အဲ့အချိန်လေးမှာပဲ ငါ့အစ်ကိုရီက နေမင်းလမင်းကြီးလို တောက်ပရွှန်းစားပြီးတော့ ငါ့ဆီကို သက်တံ့တိမ်ကြီး စီးပြီး ….”
ကျန်းယန်ရန်သည် လက်ကို မြှောက်လိုက်ကာ သူမကို အလွှတ်ပေးဖို့ တောင်းပန်တော့လေသည် ။