စာစဉ် ၆၉ (၁၇-၂၆)
2K 290 10
Book.              :  69
Chapter.          :  17 - 26
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၆၉၊ အခန်း ၁၇။  ကမ္ဘာ့ နံပတ် ၁ ကြောက်စရာကောင်းတဲ့ ခွေး
မျက်လုံးကြီး ပြူးကျယ်နေသည့် ကုန်ရွှီသည်
ရီဝမ်ဝမ်အား မယုံကြည်နိုင်စွာဖြင့် ကြည့်လာသည် ။
သူ၏နှုတ်ခမ်းတို့မှာ တွန့် ချိတ်သွားပြီး တစ်ခုခုကို ပြောလိုက်လိုသော်လည်း ဘာတစ်ခွန်းမှ ပြောမထွက်ပေ ။
သို့နှင့် ခုနစ်စင်ကြယ်ကို တစ်ဖန် ကြည့်လိုက်ပြန်သည် ။
အဲ့ဒီဒေါင်းက ငါ့လို ခန္ဓာကိုယ်လေးနဲ့ ဒီလောက်တောင် သန်တယ်လား ။ နွားထီးတစ်ကောင်ကိုတောင် လက်သီးတစ်ချက်ထဲနဲ့ အလဲထိုးနိုင်လောက်တယ် ။
အရမ်းအရမ်းကြီးကို ကြောက်ဖို့ ကောင်းလွန်းတယ် ..
အရမ်းကြီးလည်း ရက်စက်လွန်းတယ် .. ။
“ငါလခွမ်း .. သေစမ်း .. ငါ အိပ်မက်မက်နေတာတော့ မဟုတ်ဘူးမလား”
ကုန်ရွှီသည် ထိုမွစာကျဲနေပြီဖြစ်သည့် ရိုက်ကွင်းအား ကြည့်လိုက်ပြီးနောက် ထိုအပြိုင်းပြိုင်း လဲကျနေကြပြီ ဖြစ်သည့် လူထွားကြီးများကို ကြည့်လိုက်သည် ။
သူ ထင်ထားသည်နှင့် လုံးဝ ခြားနားနေလေသည် ။
“ထွီ .. မင်းတို့လို ငကြောက်တွေကများ င့ါနဲ့ လာကစား ချင်နေသေးတယ်”
ခုနစ်စင်ကြယ်သည် လူထွားတစ်ယောက်ကို ငေါက်ငမ်း ပစ်လိုက်ပြီး ရိုက်ကွင်းအား ကြည့်လိုက်ကာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းသည် ။
“ထွီ … အရှက်မရှိတဲ့ခွေးသူတောင်းစားတွေ”
ကြယ်ခုနစ်သည်ကတော့ ရီဝမ်ဝမ်နံဘေးကို အမူအရာကင်းမဲ့စွာဖြင့် ပြန်လျှောက်လာကာ ကိုယ်ရံတော်တစ်ဦးလို ရပ်နေလေသည် ။
“အစ်ကိုကြီးက အရမ်း တော်လိုက်တာ”
ကုန်ရွှီသည် ခုနစ်စင်ကြယ်ဆီကို လျှောက်လာလိုက်ပြီး
ချီးကျူးတော့၏ ။
“အစ်ကိုကြီးက အရမ်းအရမ်း မိုက်တယ်”
“ညီလေး ဒါလေးလောက်နဲ့ မင်းအစ်ကိုကြီးကို မိုက်ပြီ ထင်နေတာလား ။ ဒါ ဘာမှ မဟုတ်သေးဘူးကွ ။ မင်းအစ်ကိုကြီးရဲ့ အမိုက်ဆုံးအချိန်ကို ညီလေး မမြင်ဖူးသေး လို့ ။ ဒီကောင်တွေကို ထည့်မပြောနဲ့ဦး ။ ညီလေး ချီးထုပ်ကို ကြားဖူးလား ။ ချီးထုပ်ဆိုရင် အစ်ကိုကြီးကို တွေ့ လိုက်တာနဲ့ ရှောင်ပြီးသွားပေးရတဲ့အထိပဲ ။ ငါ ကြွားနေတယ်လို့ ထင်လား”
ခုနစ်စင်ကြယ်၏မျက်နှာသည်ကား ဂုဏ်ယူမဆုံး တပြုံးပြုံး ဖြင့် မော်ကြွားလို့ မဆုံးတော့ ။