စာစဉ် ၆၆ (၉-၁၆)
2.5K 310 13
Book.              :  66
Chapter.          :  9 - 16
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၆၆၊ အခန်း ၉။ သိုင်းပညာရှင်များ စုဝေးပွဲ
ကျန်းကျိုးဥာဏ်သည် ထိုကောင်မလေးမှာ အကြီးအကဲ ခုံး ၏ တပည့်မလေး အမှန်ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ ။
ရီဝမ်ဝမ်သည် အကြီးအကဲ ခုံး ၏ တပည့်မလေးမှန်း
သူ ကြိုသိထားခဲ့လျှင် သူမကို သေချာပေါက်ကို
ရန်သွားစမည် မဟုတ်ပေ ။
"အကြီးအကဲ ခုံး .. ဒီကျောင်းသူက အကြီးအကဲ ရဲ့ တပည့်
ပါလား"
စည်းကမ်းထိန်းသိမ်းရေးမှူး ခေါင်းဆောင်သည် ရီဝမ်ဝမ်ကို
တအံ့တသြ ကြည့်နေသည် ။
"ငါ နှစ်ခါ ထပ်ပြောရဦးမှာလား"
အကြီးအကဲ ခုံးက သူ့ ကို ကြည့်ကာ အေးစက်စွာ မေးလိုက်၏ ။
"အကြီးအကဲ ခုံး .. ကျွန်တော် ဆိုလိုတာက အဲ့ဒီသဘော မဟုတ်ပါဘူး"
စည်းကမ်းထိန်းသိမ်းရေးမှူး ခေါင်းဆောင်သည်
ချက်ချင်း ခေါင်းကို ခါလိုက်ပြီး တစ်စုံတရာကို ထပ်ပြောလိုက်လိုသော်လည်း အရှိန်သတ်လိုက်၏ ။
ရီဝမ်ဝမ်သည် အကြီးအကဲ ခုံး၏ တပည့်မလေး ဖြစ်သည်
ဆိုရင်တောင် သူမသည် အပြစ်သား ဖြစ်နေပြီ ဖြစ်တာကြောင့်
သူမကို ကာကွယ်ပေးဖို့က မလွယ်တော့ပါချေ ။
"သူက အကြီးအကဲ ရဲ့ တပည့် ဆိုရင်တောင်မှ အပြစ်ကျူးလွန်ထားပြီးရင် ကျောင်းတော်က ပေးမယ့်
အပြစ်ဒဏ်ကို ရှောင်လွှဲလို့ မရဘူး"
အစောနက တိတ်ဆိတ်နေခဲ့သည့် မန်ကဲသည်
အမူအရာကင်းမဲ့စွာဖြင့် ၀င်ပြောလာသည် ။
အကြီးအကဲ ခုံးသည် မန်ကဲကို အေးစက်စွာ ကြည့်လိုက်လေပြီ ။
“မိန်းကလေး .. မင်းက ငါ့ကို ပြောနေတာလား”
မန်ကဲ မျက်ခုံးတွန့်ချိုးသွားသည် ။ သူမရင်ထဲတွင် တောင်ကြီးတစ်တောင်က သူမကို အပေါ်ကနေ
ဖိထားသလိုလို အသက်ရှူဖို့ပင် ခက်ခဲလွန်းနေလေပြီ ။