စာစဉ် ၆၈ (၉-၁၆)
2.1K 283 7
Book.              :  68
Chapter.          :  9 - 16
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၆၈၊ အခန်း ၉။ အလွယ်ဆုံးနဲ့ အမြန်ဆုံးနည်း
သခင်လေး ရှန်း သည် ရီဝမ်ဝမ်အား အခုလို လူလယ်ခေါင်ကြီးတွင် ချစ်ခွင့်ပန်ပစ်မည်ဟု မည်သူ ထင်မိပါ့မည်နည်း ။
ရုပ်ရည်ချောမောကြသည့် ကြေးစားမိန်းကလေးများအားလုံး မှာ ရီဝမ်ဝမ်အား အားကျစွာ မနာလိုစွာ လှည့်ကြည့်လိုက်ကြ သည် ။
“ဒါပေမယ့် ကျွန်မမှ ရှင့်ကို စိတ်မ၀င်စားတာ”
ရီဝမ်ဝမ် မှန်ရာကို လှစ်ဟပြောလိုက်၏ ။
ကြေးစားများ ။ “…”
သောက်ရမ်းကြမ်းလှချည်လား ..
“နတ်မိမယ်လေးရာ ခံစားချက်တွေဆိုတာက လုပ်ယူလို့
ရပါတယ်ကွာ အခုလို ချက်ချင်းကြီး ငြင်းမပစ်နဲ့လေနော် ။
ကိုယ် ဒီကျောင်းထဲမှာ ကော်ဖီဆိုင်တစ်ဆိုင် ဖွင့်ထားတယ် ..
အဲ့မှာ လက်ဖက်ရည်လည်း သောက်ရင်း ကြေးစားမှတ် အကြောင်းလည်း ပြောရင်း သွားရအောင်ပါ”
သခင်လေး ရှန်း က ခပ်ပြုံးပြုံးလေး ခေါ်လေ၏ ။
ထို့နောက်တွင် ရီဝမ်ဝမ်နှင့် အကြီးဆုံးသခင်လေး ရှန်း တို့မှာ အားလုံး၏မြင်ကွင်းကနေ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကြလေပြီ ။
ကော်ဖီဆိုင်၏ အထူးအထူးသောသီးသန့်ခန်းထဲတွင် ။
ရီဝမ်ဝမ်၏အရှေ့မှာ အလွန်ကို မွှေးပျံ့ကြိုင်လှိုင်ပြီး အထူးဖျော်စပ်ထားသည့် ကော်ဖီရနံ့က သူမ၏ နှာသီးဝကို ကလူကျီစယ်ပြုနေလေသည် ။
“ကြေးစားမှတ်ရဖို့ အမြန်ဆုံးနည်း ရှိလား .. တကယ်လို့ ပိုက်ဆံနဲ့ ၀ယ်လို့ရမယ်ဆိုရင် တစ်မှတ်ကို ဘယ်လောက်လောက် ပေးဝယ်ရလဲ”
ရီဝမ်ဝမ် မေးကြည့်လိုက်တော့သည် ။
“နတ်မိမယ်လေး ကြေးစားတွေက ပိုက်ဆံနဲ့ ၀ယ်လို့မရသလို တစ်ယောက်နဲ့တစ်ယောက်လည်း ငါ့အမှတ်နင်ယူ နင့်အမှတ်ငါယူ ရော့အင့်ဆိုပြီး လွှဲပေးလို့ မရဘူး ။ အဲ့လိုသာ ရရင် ကိုယ့်မှာ ရှိသမျှအမှတ်တွေအကုန်လုံးကို မင်းကို လွှဲပေးပါတယ်ကွာ” အကြီးဆုံးသခင်လေး ရှန်း သည်လည်း အမှန်အတိုင်းပြန်ဖြေလာသည်။