စာစဉ် ၇၁ (၁-၆)
1.9K 281 5
Book.              :  71
Chapter.          :  1 - 6
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၇၁၊ အခန်း ၁။ ကိုယ်လုပ်တော်တွေအများကြီး မဖြစ်နိုင်တာ
ခုနစ်စင်ကြယ်က ပြန်ဘုတောလေသည် ။
“အောင်မာ မင်းကများ မင်းတောင်မှ အသိအမှတ်ပြု မခံရသေးဘဲနဲ့ ငါ့ကိုလာပြီး မိဖုရားကြီးလိုလို လာဟိတ်ဟန်ထုတ်နေတယ် ။ ကြီးစဉ်ငယ်လိုက်သာ စီရရင် မင်း စာရင်းထဲကို ပါမှာ မဟုတ်ဘူး ။ ကိုယ့်ကိုယ်ကို ဘာများ မှတ်နေတာလဲ”
ဖူမင်းရှီကလည်း မဟုတ်မခံ …
“ငါက ဘာကောင်မှ မဟုတ်သေးပေမယ့် ဟိုတုန်းက ဂိုဏ်းချုပ်ကိုယ်တိုင် လက်ထပ်ဖို့ သဘောတူထားတဲ့ ခင်ပွန်းလောင်းပဲ”
“ဟားဟား ခုနစ်ကြီးရော ငါရောက ဂိုဏ်းချုပ်ကိုယ်တိုင် သင်ပေးလာတဲ့သူတွေ .. ကဲ ငါတို့က မင်းထက် ပိုပြီး အသုံးမ၀င်ဘူးလား”
“ဟက် မင်းက အသုံးဝင်တာလား … မင်းတို့လို လူကြမ်းကြီးတွေက ဂိုဏ်းချုပ်ကို ဘယ်လောက်ကောင်း အောင် ခစားနိုင်မှာမလို့လဲ”
“အလာလာလာလာ … ငါက ဂိုဏ်းချုပ်ကို မခစားနိုင်ဘူးပဲ ဖြစ်ရသေး … မင်းလို ပျော့တိပျော့ဖတ်နဲ့ ဘာမှ မလုပ်တတ်တဲ့ ငတုံးကရော ဂိုဏ်းချုပ်ကို ခစားနိုင်လို့လား ။ မင်းမှာ သက်လုံရော လုံလုံလောက်လောက် ရှိလို့လား”
ရီဝမ်ဝမ် ။ “…!!!”
နင်တို့တွေ .. တော်ကြပါတော့ဟ ။
ထိုနှစ်ယောက်၏ စကားဖြင့် စစ်ခင်းနေခြင်းကို ရီဝမ်ဝမ် အမှန်ပင် ခြေကုန်လက်ပန်း ကျနေရလေပြီ ။
ဟဲဟဲ …
ဒီပုံစံနဲ့ဆို ဘယ်သူကများ ငါ့ကို ကိုယ်လုပ်တော် ၃၀၀၀ ပေးရဲပါ့မလဲ ။
ဒီနှစ်ယောက်လိုသာ တစ်ချိန်လုံး နောင်ဂျိန်ချနေလို့ကတော့ ငါ့မှာ ကိုယ်လုပ်တော် ၃၀၀၀ သာ ရှိလိုက်ရင် နေ့တိုင်း တဂျီဂျီချနေကြတာနဲ့ပဲ အကုန်လုံး ကောင်းကင်ဘုံကြီး ဇောက်ထိုးမိုးမျှော် ဖြစ်သွားလောက်တယ် ။