စာစဉ် ၇၅ (၂၁-၂၆)
2K 260 4
Book.              :  75
Chapter.          :  21 - 26
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၇၅၊ အခန်း ၂၁။  အလှလေးနောက် ကောက်ကောက်မပါသွားတာ ဘာဖြစ်တာလဲ
ကားထဲကို ပြန်သွားနေရင်းလမ်းတွင် ။
ကြယ်ခုနစ်မှာ နောက်ဆုံးမှ တစ်ခုခုကို နားလည်လိုက်ကာ ..
“အစ်မဖန်း စောနက ပြောတာ ဘာအဓိပ္ပာယ်လဲ ။ ဂျိဘုရင်ရဲ့လက်စွပ်ကို ၀င်လောင်းတာက မီးလျှံကျောင်းတော်က ဂုဏ်ပြုမှတ်နဲ့ လဲဖို့ အတွက်လား”
ရီဝမ်ဝမ်၏မျက်နှာမှာ ပင်လယ်အောက်ကြမ်းပြင်ကြီးလောက် မည်းမှောင်သွားပြီး မျက်လုံးအိမ်ထဲက ဒေါသမီးတို့မှာလည်း ကောင်းကင်ကြီးထိအောင် ထိုးတက်လာလေပြီ ။ သူမလေးသည် အိမ်ကို ၀န်စည်စလှယ်များနှင့် ပြန်လာခဲ့သော်လည်း လမ်းခုလတ်တွင် ဓားပြတွေနဲ့ သွားတိုးကာ ရှိသမျှအရာအားလုံး ဓားပြတိုက်ခံလိုက်ရသည့် ကုန်သည်တစ်ဦးနှင့်သာ တူတော့၏ ။ သူမ စကားတစ်ခွန်းချင်း ကို ဖိကာ တစ်ခွန်းချင်း ပြောလာသည် ။
“ဂျိဘုရင် စွပ်တဲ့ လက်စွပ်ကို ရရင် S အဆင့် မစ်ရှင် အောင်သွားမယ့်အပြင်ကို အမှတ် ၁၀၀၀၀ ပါ ရဦးမှာ”
သို့သည့်တိုင်အောင်ပင် ထိုလက်စွပ်မှာ သူမလက်ထဲကနေ လျောခနဲ ထွက်သွားခဲ့ရလေသည် မဟုတ်လော ။
ခုနစ်စင်ကြယ်လည်း နားလည်သွားတော့၏ ။
“ဒါဆို အစ်မဖန်းက … အမှတ်ရအောင် လုပ်ဖို့ပဲ စိတ်ကူးရှိနေတာပေါ့ ..”
“တခြားဘာရှိရဦးမှာလဲ … ငါက တစ်ချိန်လုံး အလှလေးတွေရဲ့ ဖမ်းစားခံထားရပြီး လုပ်စရာတာဝန်တွေကို လျစ်လျူရှုတတ်တဲ့၊ အမတ်တွေကို စနောက်ကျီစယ်နေတတ် တဲ့ ၊ တစ်ချိန်လုံး တဏှာပဲ ထနေတတ်တဲ့ ရေမြေ့သခင် အရှင်မင်းကြီးနဲ့များ သွားတူနေလို့လား”
ရီဝမ်ဝမ် ရိုင်းရိုင်းပြတ်ပြတ်ပင် ပြောပစ်လိုက်တော့၏ ။
ခုနစ်စင်ကြယ်သည် ချက်ချင်းပင် အသတ်ခံရတော့မည်ကို စိုးကာ သတိထားပြီး ပြောလာတော့၏ ။