စာစဉ် ၇၅ (၇-၁၄)
2K 269 10
Book. : 75
Chapter. : 7 - 14
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၇၅၊ အခန်း ၇။ လွမ်းနာကျနေလို့
လင်းချွေ့  ခပ်တိုးတိုးရေရွတ်နေရင်း လမ်းတစ်ဝက်မှာပင်
သူ့ အစ်ကို ၉ ၏ အေးစက်စက်မျက်လုံးတို့နှင့် ရင်ဆိုင်တွေ့ လိုက်ရရာ .. ချက်ချင်း ပါးစပ်ကို အုပ်ကာ ပိတ်လိုက်မိတော့၏ ။
ရေခဲအကြည့်နှင့် ကြည့်နေသော ထိုယောက်ျားသည် အသက်ကို ပြင်းပြင်းရှူသွင်းလို့နေလေသည် ။ သူသည် ရုန်းထွက်လာချင်နေသည့် ဒေါသမုန်တိုင်းကြီးကို မနည်းချွန်းအုပ်နေရပါသော်လည်း ဤတစ်ကြိမ်တွင်တော့မူ သူ ကျရှုံးသွားခဲ့လေပြီ ...
သူ့ အရှေ့တွင် ရှိနေသော အနှီမိန်းကလေးအား
သူ စိုက်ကြည့်လိုက်၏ ။
လေသံထဲတွင် ဒေါသသံတို့က မခို့တရို့ စွက်နေလေရင်း...
"ကျွန်တော် ဂိုဏ်းချုပ် ပိုင် တရုတ်ပြည်ကို သွားနေတယ်လို့ ကြားတာ ။ ပြန်လာတာ မြန်လှချည်လား"
ကျန်းယန်သည် သူ့ အရှင်ဘက်က စပြီး ပိုင်ဖန်းအား စကားစပြောလိုက်ခြင်းကြောင့် တုန်လှုပ်မိသွား၏ ။
သူ့ အရှင်က ပိုင်ဖန်းကို ဖုတ်လေတဲ့ငပိ ရှိလေဟန်
ဘယ်တုန်းကမှ သဘောမထားခဲ့ဘူး မဟုတ်လား ။
ရီဝမ်ဝမ်ခမျာမှာတော့ အရှင်နတ်ဆိုးဆီက ထိုစကားတစ်ခွန်းကြောင့် အတိုင်းမသိအောင် ပျော်ရွှင်ကြည်နူးသွားတော့၏ ။ သူမလေး၏ လေးကြိုးသဏ္ဍာန် ကိုင်းညွတ်ကာ တလက်လက်တောက်နေ သော မျက်ဝန်းလေးတို့ကြောင့် ထိုမျက်နှာလေးအား အလွန်အကျူးကို ထွန်းလင်းလှပဝေဆာလာစေသလို .. ။
ရီဝမ်ဝမ် မထေ့တထေ့ စနောက်ချင်စိတ်တို့ ဖြစ်လာတော့၏ ။
"အစကတော့ တရုတ်မှာ အကြာကြီး နေဦးမလို့ပါပဲ ။ ဒါပေမယ့် တစ်ယောက်သောသူကို လွမ်းလွန်းလို့ ဖျားတောင်ဖျားလာတော့လဲ မတတ်နိုင်ဘူးလေ အမြန်ပြန်ပြေးလာရတော့တာပေါ့"
သူမလေးသည် "လွမ်းလွန်းလို့ ဖျားတောင်ဖျားသည်" ဆိုသည့် စကားတွင် သူ့ မျက်နှာအား ကြည့်ရင်း
တမင်ကို အသံဖိကာ ပြောလိုက်လေခြင်း ။