စာစဉ် ၇၂ (၁၃-၁၈)
2.7K 369 25
Book.              :  72
Chapter.          :  13 - 18
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၇၂၊ အခန်း ၁၃။  တရားဝင် အဆင့်အတန်းတစ်ခု လိုချင်ရုံ
ဂူအုပ်စုခမျာ ။  “…”
ဒုဥက္ကဌဖြစ်သူ ချိုးလိကွမ်က ၀မ်းသာရွှင်လန်းစွာဖြင့် ထပြောလာသည် ။
“စီအီးအို ဂူ သိပ်တော်တယ်ဗျာ ။ ဒီအချိန်ကြီး ချစ်ခွင့်ပန်ဖို့ လုပ်လိုက်တာက လုံးဝကို စပရိုက်စ်အကြီးစားကြီးပဲ ။
သေချာပေါက်ကို တစ်မြို့လုံး အုန်းအုန်းကျွတ်ကျွတ် ဖြစ်သွားလိမ့်မယ် ။ အခုလို စပရိုက်စ်ကြီးကို တင်းခံနိုင်တဲ့ မိန်းမ ဘယ်မိန်းမမှ မရှိဘူး”
ဂူရွဲ့ ကျီသည် ဆိုဖာပေါ် ပြန်မှီချလိုက်ပြီး ၀ိုင်အနီကို သောက်လိုက်ရင်း မဲ့ပြုံးလေးဖြင့် ဆိုလာသည် ။
“ငါ ရီဝမ်ဝမ်ကို ကောင်းကောင်းကြီး သိတယ် ။ ဘာပဲပြောပြော
သူက မိန်းမထဲကမိန်းမ တစ်ယောက်ပဲ လိုက်ရခက်အောင် လုပ်ပြီး
ငါ့ကို စိတ်ဆိုးပြနေတာက တရားဝင်အဆင့်အတန်းတစ်ခု လိုချင်လို့ သက်သက်မဲ့ လုပ်နေတာ”
“စီအီးအို ဂူ က အတော်ဆုံးပဲ ။ အဲ့ဒီမိန်းကလေး စီအီးအို ဂူ ရဲ့ လက်ခုပ်ထဲကနေ လွတ်စရာအကြောင်းကို မရှိဘူး”
ချိုးလိကွမ်ကား ဂူရွဲ့ ကျီရှေ့ ဖော်လံဖားကာ တမြှောက်မြှောက် ။
“ဟုတ်သားပဲ .. ကျွန်တော် စတားအင်တာတိန်းမန့်မှာ ဒါရိုက်တာ ကျိုး ကို သွားတွေ့ ခဲ့သေးတယ် ။ အမြဲတမ်း အထက်စီးကနေ ဆက်ဆံတတ်တဲ့ အဲဒီ့ဒါရိုက်တာက ဒီတစ်ခေါက်ကျတော့ ကျွန်တော့်အပေါ်မှာ ယဉ်ယဉ်ကျေးကျေးတွေ ဆက်ဆံနေပါသကောလားဗျာ စီအီးအို”
ဂူရွဲ့ ကျီက ထရယ်လာသည် …
“ငါ ရီဝမ်ဝမ်ကို လက်ထပ်လိုက်တာနဲ့ စတားအင်တာတိန်းမန့်လေးကို ထားဦး စတားကော်ပိုရေးရှင်းကြီးတစ်ခုလုံးကပါ ဂူဂရုအပိုင် ဖြစ်လာမှာ ။ ခင်ဗျားကို သေချာပေါက်ကို လေးလေးစားစား ဆက်ဆံရမှာပေါ့”