စာစဉ် ၇၂ (၁၉-၂၆)
2.3K 283 16
Book.              :  72
Chapter.          :  19 - 26
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၇၂၊ အခန်း ၁၉။ င့ါရည်းစား
ထိုသတင်းထောက်မှာ စီရီဟန် ထိုမိန်းကလေးအား မသိနေမှာစိုးကာ ရှင်းပြပေးလိုက်ခြင်းပင် ။
စီရီဟန်သည် ဒီတစ်ချိန်လုံး နိုင်ငံခြားရောက်နေခဲ့သည်ဟု ကောလဟလတို့ ထွက်နေခဲ့သည် မဟုတ်ပါလား ။
အခုလို ရိုမန်တစ်ဆန်ဆန် နေရာလေးတွင်
စီရီဟန်၏ စိတ်မကြည်သာဖြစ်သွားမှုကို ထိုသတင်းထောက် အာရုံခံမိသွား၏ ။ ထို့ကြောင့် စီရီဟန်ကို ဒေါသထွက်အောင် လုပ်မိသွားပြီဟု တွေးမိသွားပြီး အဖြေကို မစောင့်တော့ဘဲ
အနောက်ကို ဆုတ်ကာ ပြေးဖို့ လုပ်လိုက်မိချိန် …
ထိုသတင်းထောက်လေး အံ့သြမိသွားရအောင်
ထိုယောကျာ်း အေးစက်စွာ ပြန်ဖြေလာချေသည် ။
“ကြားဖူးပါတယ်”
ကြားဖူးတယ်တဲ့ဟ …
သို့သော် စီကော်ပိုရေးရှင်းကြီးသည် သူ့ အောက်တွင် နာမည်အကျော်ဇောဆုံးသော စတားအင်တာတိန်းမန့်ကြီး ရှိနေသည့်အပြင် တခြားသောလုပ်ငန်းများစွာလေး ရှိနေသေးသောကြောင့် မဆန်းပါချေ ။
သူတို့တွေ အလုပ်ပတ်သက်မှုများ ရှိနေတာများလား ။
သတင်းထောက်လေးမှာ စီရီဟန် ပြန်ဖြေပေးလာခြင်းကြောင့် အံ့သြကြည်နူးသွား၏ ။
သူမသည် ဒီအခွင့်အရေးကို လက်လွှတ်မခံလိုသောကြောင့် အားတင်းကာ ဆက်မေးလိုက်၏ ။
“ဒါဆိုရင် ဥက္ကဌ စီ … ဥက္ကဌ ရီ ကို သိပါသလားလို့ မေးကြည့်ပါရစေ ။ ဥက္ကဌတို့နှစ်ယောက်ကြားမှာ ဘာ .. ပတ်သက်မှုများ ရှိပါသလဲ ။ အလုပ်များ တွဲလုပ်ဖူးပါသလား”
ထိုသတင်းထောက်မှာ စီရီဟန်ဆီကနေ သတင်းညှစ်ယူ နေခြင်းသာ ။ စီရီဟန်ဘက်ကနေ သူမအား မသိပါ ရင်းလဲမရင်းနှီးပါဟု ပြောလိုက်တာနဲ့ အရာရာမှာ စိတ်ဝင်စားဖို့ ကောင်းသွားပေလိမ့်မည် ။