အခန်း ၁၃။ စာ

450 32 19
                                    

"မင်္ဂလာပါ ကိုကိုလေးရေ။ ဒီနေ့တော့ ကျောင်းမှာ မဟော်သဓာရဲ့ ဖွားဖက်တော်တွေအကြောင်း သင်ရတယ်။ ဒီလိုနဲ့ ကိုကိုလေးကိုပါ သတိရသွားလို့။ သားမှာလည်း မွေးရက်တူတဲ့ ကိုကိုလေးရှိတယ်ဆိုတဲ့အကြောင်းပြောပြတော့ ဆရာမက ချက်ချင်းပြန်မေးတယ်။ နေမျိုးသူရိန် မဟုတ်လားတဲ့။ ကိုကိုလေးက နာမည်ကြီးပဲနော်။ ကိုကိုလေးသွားတာတောင် သုံးလကျော်သွားပြီ။ ကျောင်းပိတ်ရက်ရှည်ရရင် အိမ်ကို ပြန်လာပါဦး"

"မင်္ဂလာပါ ကိုကိုလေးရေ။ ဒီနေ့အိမ်မှာ ဝက်သားနီချက် ချက်တယ်။ အကြီးမေခက် က ခေါင်ကလေးကို ဆေး‌တွေထိုးပေးတယ်ဗျာ။ သား ဝက်သားနီတွေစားပြီး အနီစက်တွေ ပေါ်လာလို့။ "

"မင်္ဂလာပါ ကိုကိုလေးရေ။ ကိုကိုလေးရဲ့စာတွေ အရင်အပတ်ကမှ စုပြုံပြီးရောက်တယ်။ ကိုချစ်သန်းအဖေကြီးက တမင်အမြင်ကတ်လို့ စုပြီးမှ လာပို့တာတဲ့။ သူအမြင်ကတ်လည်းကတ်ပါစေပေါ့။ ဒါပေမဲ့ ဘာလို့ကတ်လဲတော့မသိပါဘူး။ မေးကြည့်တော့ နေမျိုးက အိမ်ရှိလူစေ့တစ်ယောက်တစ်စောင်နှုန်းနဲ့ စာထည့်နေတဲ့အချိန် သူ့သားဆီက ဘာစာမှမလာလို့တဲ့။ သားဖြင့်ရယ်ချင်တာပဲ။ ဖေဖေကြီးကတော့ သူ့ကိုငေါက်လွှတ်လိုက်တယ် သိလား။ ကိုကိုလေးရဲ့ စာတွေထဲမှာပါတဲ့ ဆူးလေလမ်းကို ရောက်ဖူးချင်တယ်။ ခေါင်ကလေးကိုလည်း ရန်ကုန်ခေါ်ပါဦး"

စာလွှာသင်းပျံ့မွှေးကလေးတွေ။ နှိပ်ဘောပင်ကို တစ်ချက်ဖိပြီး လော်ကာအပုလေးနား အပ်ကျမတ်ကျ ထိုင်လိုက်သည်။ ဘေးမှာချထားတဲ့ ဓာတ်ပုံတစ်ပုံ။ မောင်မယ်သစ်လွင် ကြိုဆိုပွဲနေ့တုန်းက သူတို့ roll က လူတွေစုလို့ ရိုက်ထားတဲ့ပုံတွေ။

ဓာတ်ပုံကိုကျောဘက်လှန်ပြီး စာတစ်ချို့ချရေးလိုက်သည်။

"ဝဲ မှ ယာ.......

ကိုချစ်သန်း၊ ကိုကောင်းမွန် ၊ သန်းမြင့်လေး၊ ဖေသက်ရှိန်၊ မျိုးညွန့်၊ ဇာမဏီကျော်ဆွေ...."

ဘောပင်ကိုကြွကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်မိ၏....။ဇာမဏီကျော်ဆွေ....ပြီးတော့။

မောင် ။

ပင်လယ်နီလေးရဲ့ ..မောင်။

"ဝုန်း! ဒုန်း!"

မောင့်ပင်လယ်နီTahanan ng mga kuwento. Tumuklas ngayon