အခန်း ၈။ သစ္စာ

470 64 47
                                    

ကျွန်တော့်မွေးရပ်မြေသည် မော်လမြိုင်ဖြစ်ပေသိကျွန်တော်ကြီးပြင်းရာအရပ်သည်ကား ကစ်ဆာ ဟုခေါ်သည့် ရှမ်းဗမာ ကျေးလက်မြို့ငယ်တစ်မြို့မှာဖြစ်သည်။ မတည်ငြိမ်သော နိုင်ငံရေးအခြေအနေများကြောင့် ကျွန်တော်တို့မိသားစုတစ်ခုလုံးက ဖေဖေ့၏ ပရောဖက်အစီအစဉ်ဖြင့် မေမေ့ဇာတိဖြစ်ရာ အထက်ပိုင်းသို့ အယောင်‌ေဖျာက်တိမ်းရှောင်လာခဲ့ကြသည်။ ကျွန်တော့်အဖိုးသည် တို့ဗမာအစည်းအရုံးဝင်သခင်ဖြစ်သည်။ ဖေဖေသည်ကား ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၏ ကျောင်းသားသမဂ္ဂခေါင်းဆောင်ဖြစ်၏။ ကျောင်းပြီး‌သောအခါ၍လည်း မျိုးဆက်သစ်ကျောင်းသားလူငယ်များအား အလျဉ်းသင့်သလို တိတ်တဆိတ်ကူညီတတ်သည်။ ထိုအရာများကြောင့်လည်း အစိုးရ၏ မျက်စိစပါးမွှေးစူးတာခံရပြီး ပြည်ဝင်ခွင့် ထွက်ခွင့် ဗီဇာအားရုတ်သိမ်းခံရသည်။ ထိုခဏမှာပင် ဦမြတ်သာ၏ ဆုံးဖြတ်ချက်အတိုင်း အထက်ပိုင်းမှ ကစ်ဆာသို့ သူတို့လက်မဦးခင် တိမ်းရှောင်လာရခြင်းဖြစ်သည်။

ကျွန်တော်ကတော့ ထိုမြို့အား ကမ္ဘာကျော်အိမ်အိုတစ်လုံးနှင့် ပြုံးနေသော မြို့ဟု နာမည်တပ်ချင်ပါသည်။ တိမ်တွေနေသောအရပ်၊ သစ်ပင်တွေပျော်သောအရပ်၊ မြစ်မင်းဧရာက ထမ်းပိုးထားသည့် ကမ်းပါးထက်ကမြို့။ သူ့အနောက်ရပ်မှာတော့ ဖက်ဆွတ်တောင်တန်းကြီးက ညှို့ညှို့မှိုင်းလို့ရယ်။

........

"ပတ္တမြားမြို့သူကြီး ဦးစံလှိုင်"

သူကြီးဦးစံလှိုင်၏ အိမ်သည် လင်းနို့တောင်များ ပန်းထောင် ပန်းဆွဲများနှင့် မြိုင်ဆိုင်လှသော ကျွန်းခြေတံမြင့်အိမ်ကြီးဖြစ်၏။ အိမ်အောက်ထပ်မှာ ရိုက်ထားသော ကွပ်ပျစ်ပေါ်တွင် ငှက်ပျောညွှန့်ရောင် ခေါင်းပေါင်းပေါင်းထားသော ပိန်ပိန်ပါးပါး လူကြီးတစ်ယောက်က တင်ပလ္လင်ခွေကာထိုင်နေ၏။ ဦးစံလှိုင်ပင်ဖြစ်သည်။ သူသည်နံ့သာရောင်တိုက်ပုံကိုဝတ်ဆင်ထားသည်။ ရှေးဗမာအမျိုးသားတို့၏ ပီသ‌ခိုင်ကြည်သော မေးရိုးမျက်နှာကျရှိသည်။ အသားလတ်၏။ မျက်နှာတွင်မှဲ့ခြောက်တို့ပေါသည်။ ရေနွေးကြမ်းခွက်အား ဆကာဆကာမနေပေသိ ပါးစောင်တစ်ဖက်က ဝါးနေသော ကွမ်းကို မထွေးထုတ်ရသေးတာကြောင့် ‌လက်ထဲကရေနွေးခွက်အား ချရမလိုတင်ရမလိုနှင့် ကိုးရို့ကားယားဖြစ်နေသည်။

မောင့်ပင်လယ်နီWhere stories live. Discover now