အခန်း ၄။ မဟာ

472 75 13
                                    

ဝေဝေဝါးဝါးစကားသံများကို ကျွန်တော်ကြားနေရသည်။ ဘာကိုမှလည်းဆုတ်ဖမ်းမမိ။ အားယူ၍ ရှိုက်လိုက်သောအခါ ကျွန်တော် ချောင်းတဟွပ်ဟွပ်ထဆိုးတော့သည်။ ရင်ဘတ်သည် ဆုပ်ခြေထားသကဲ့သို့ တင်းကြပ်နာကျင်နေ၏။

"မောင်မြတ်သူ။ သတိရလာပြီလား။ မငယ်ရေပေး ဒီကို"

သူ့ကျောပြင်ကနေ လက်တစ်ဖက်နဲ့ ဖေးမပေးလျက် အနည်းငယ်နွေးသော ရေတစ်ခွက်က အနီးနားကိုရောက်လာသည်။ ပြင်းပြင်းထန်ထန် ချောင်းဆိုးပြီးသည့်နောက် ကျွန်တော် အတော်ပင်မောဟိုက်သွား၏။ ဒေါ်တင်မေခက်က ကျွန်တော့်ကုတင်ဘေးကခုံမှာ တင်ပလွှဲဝင်ထိုင်နေပြီး စိုးရိမ်ကြီးစွာကြည့်နေ၏။ မငယ်ကိုတော့ ခပ်လှမ်းလှမ်းမနီးမဝေးမှာမတ်တပ်ရပ်လျက်သားတွေ့ရသည်။

"မသေကောင်းမပျောက်ကောင်းပါလား မောင်မြတ်သူရယ်။ ဦးလေးဝင်းသာ မတွေ့ရင် မင်းတော့ အသက်ပါမယ်နဲ့တူတယ်။ နှလုံးအားနည်းတာကို မိုးရေထဲ ထွက်ပြီး ဘာလို့အဲ့လောက်အေးတဲ့ နေရာသွားနေနေရတာတုန်းကွယ်။ မနှင်းဆီတော့ စိတ်မကောင်းဖြစ်ရော့မယ်။"

သူ့လက်ထဲ ရေနွေးခွက်လေးကိုထည့်ပေးကာ မျက်ခုံးတွေတွန့်ချိုးလျက်ဆို၏။ မေမေ့ကိုလည်း အကြောင်းကြားပြီးဖြစ်ဟန်တူသည်။ စိတ်မပူစေချင်သောကြောင့် ကျွန်တော် ဖုန်းပြန်ဆက်ရပေဦးမည်။

ပြီးတော့ ဒေါ်တင်မေခက်အား ကျွန်တော်သတိမေ့သွားခြင်းမှာ မိုးရေတွေကြောင့်မဟုတ်မှန်းသိစေချင်ပါသည်။

"ကျွန်တော် တစ်ခုခုတွေ့လိုက်လို့ပါ။ အဲ့ဒီမှာ။"

အမြဲခေါင်းငုံ့လျက်ရှိနေသည့် မငယ်က ကျွန်တော့်စကားအဆုံးမှာ ခေါင်းမော့ကာကျွန်တော့်အားကြည့်လာသည်ကို မျက်ဝန်းထောင့်မှတစ်ဆင့်မြင်လိုက်ရသည်။ ကျွန်တော့်ရှေ့မှဒေါ်တင်မေခက်၏ တဘက်ခေါက်နေသောလက်သည် ရုတ်တရက်ပဲ တန့်သွား၏။

"အရမ်းနီတာပဲ ကျွန်တော်မှတ်မိတော့တယ်။ ပတ္တမြားအသွေးလိုပဲ။ အရည်လဲ့ပြီး။ အင်း... တအားနီး‌ေနတာကြောင့် ကျွန်တော့်နှလုံးလန့်သွားတာထင်ပါတယ်။ ကျွန်တော်အဲ့လောက်အသည်းမငယ်ပါဘူး။"

မောင့်ပင်လယ်နီWhere stories live. Discover now