အခန်း ၅။ ကျော်စွာသူရိန်

439 79 26
                                    

တင်းကြပ်စွာ သိုင်းဖက်ထားတဲ့ လက်တွေကြားမှာ ကျွန်‌ေတာ် မရှူနိုင်မကယ်နိုင်။ ဘုရားရေ ကျွန်တော်တော့ ဒီအိမ်မှာနေတာကြာရင် အသက်ဘယ်ကထွက်သွားမှန်းပင်မသိဖြစ်တော့မည်ထင်သည်။

"ကိုယ့်ကိုအရင်လွှတ်!!!"

နောက်ပါးဆီကလူကို‌ေမာ့ကြည့်လို့ မြတ်သူသံကုန်အော်မိသည်။ လက်အားက နည်းနည်းပြောလျော့သွားပြီး ကျွန်တော့်ကို ငုံ့မိုးကြည့်နေသော မျက်ဝန်းများက စူးကြုံကြုံ့။ သူကမလွတ်သလို ကျွန်တော်ကလည်း ဖယ်မရသော လက်မောင်းကြားထဲ ညှပ်ပိတ်နေသည်။ ထိုစဉ်မှာပဲ ကျွန်တော်တို့ရှိနေရာ စာကြည့်ခန်းရှေ့သို့ လူတစ်ဦးရောက်လာ၏။

မငယ်!

ခြံဝင်းထဲက ပိန်းပန်းတစ်ပွေ့တို့က မိုးကြောင့်လားဆေးကြောခဲ့သောလားကြောင့်တော့မသိ ရေစက်တို့သီးလျက်ရှိသည်။ ဘုရားပန်းလဲဖို့ရာခူးလာဟန်တူသည်။ သံကတ်ကြေးတစ်လက်ကိုကိုင်လျက်သား။ မငယ်က ကျွန်တော်တို့ကိုမြင်သောအခါ မျက်ခုံးတန်းကလေးတွေပင့်သွားသည်။ အုပ်လုံးသိမ်းထားသော သူ့ဆံဖျားကို လက်ဖနှောင့်ဖြင့် အသာသပ်ကာ

" အကိုမြတ်သူက ဧည့်သည်ပါ ကိုကိုလေး"

ပြောပြီးပြီးချင်းပင် ကျွန်တော်တို့ရှေ့ကနေထွက်သွား၏။ ဂျော်ဂျက်လည်ထောင် အညိုရောင်ကလေးဝတ်ထားသော ကျောပြင်ပြည့်ပြည့်ကို ခဏသာမြင်လိုက်ရပြီး မငယ်က ကျွန်တော့်ရှေ့ကနေ ‌ခဏအတွင်းမှာပင် ခပ်သွက်သွက် ကွယ်ပျောက်သွားသည်။

ကျွန်တော့်မှာ ဆွံအလျက်သား။

ထိုအခါမှပင် လက်တို့က အလုံးစုံ ဖယ်လျားကျသွားသည်။ တုန်လှုပ်သွားသော ရင်ဘတ်ကိုခပ်ဖြည်းဖြည်းလေရှူသွင်းလို့ ကျွန်တော့်အသက်ရှူသံကိုမှန်အောင် ပြန်လေ့ကျင့်ယူနေရတာကြောင့် ထိုသူကိုချက်ချင်းစကားမပြန်နိုင်သေးပါ။

"ဆောရီး။ ဒီအိမ်မှာ လူစိမ်းတစ်ခါမှမမြင်ဖူးလို့"

ကျွန်တော့်ထက်ရှည်လျားသော အရပ်ကြောင့် အသံသည် ကျွန်တော့်နဖူးထိပ်နားဆီမှလာ၏။ အနည်းငယ်နီးကပ်နေသဖြင့် အဖျားခတ်လာသော လေ‌ေငွ့နွေးနွေးကိုပါခံစားရသည်။ အနောက်သို့ ခြေနှစ်လှမ်းခန့်ဆုတ်ပြီး ထိုလူငယ်ကိုမော်ကြည့်လိုက်သည်။ ယခုမှပင် အပြင်ကနေ ရောက်လာဟန်တူသည်။ သူ့ဆံပင်တိုကပ်ကပ်က မိုးစက်တို့ကြောင့် နှစ်ချောင်းချင်း သုံးချောင်းချင်းပူးကာ ကပ်နေသည်။ နားထင်စပ်မှ သွယ်စီးကျနေတာက မိုးရေစက်တွေဖြစ်မည်။ သားရေဂျာကင်မှာ တင်ကျန်နေသော မိုးစက်ပေါက်များကို လက်ဖြင့်ခပ်သာသာ ခတ်ကာခါ၍ ကျွန်တော့်ကို တောင်းပန်စကား ခပ်တိုးတိုးဆို၏။

မောင့်ပင်လယ်နီحيث تعيش القصص. اكتشف الآن