အခန်း ၁၀။ ယတြာ

483 57 42
                                    

သံလွင်စစ်တောင်း ....ယာလက်မောင်းဟေ့
စစ်မောင်းသံချီ ...ဒုဌဝတီ။
မှိုင်းရည်စိမ်းမြ.....ရိုးမတွေသည်
နောင်တော်မြတ်မို့....လက်အုပ်ချီ...
ပြည်သူ့ရဲသွေး....ဧရာဝတီ။

............. ............. ............ ............

မျက်စိရှေ့က ကျယ်ပြင်ဖွေးလွင့်သော ဧရာမြစ်ရေထက် နေမျိုးအကြည့်တို့က တရစ်ဝဲဝဲ။ ဒီမြေ ဒီရေ ...အထူးသဖြင့် စီးဆင်းနေသော ဧရာရဲ့ရေ။ သမိုင်းတွေကို ကျောပိုးသယ်ဆောင်ထားသော ဧရာဝတီဟာ ဗမာပြည်ရဲ့ သမိုင်း အဆက်ဆက်ကို မျက်မြင်ဒိဌ အစစ်အမှန်ကျကျ မြင်တွေ့ဖူးတဲ့ သက်ရှိမြစ်တစ်စင်း။ အလှုပ်နှင့် အငြိမ်ရောနေသော အလှက နေမျိုးရင်ကို အမြဲတစ်သိမ့်သိမ့် ဖြစ်စေမြဲပင်။

ဖိုခနောက်သုံးခုကြားက ကျည်းသားတွေကိုမီးမြိုက်နေသည့် ခေါင်ငယ်က စလောင်းဖုံးတစ်ချပ်ကိုင်လို့ မီးထိုးနေ၏။ ပြာတို့က လွင့်လွင့်လူးလူး။ ချွေးသုတ်ရင်းနဲ့ ပေသွားဟန်ရှိတော့ နဖူးက မီးခိုးရာကိုတွေ့တော့ နေမျိုး တစ်ချက် ရယ်မိ၏။ ဆယ့်သုံးနှစ်သားအရွယ် လူပျိုပေါက်စမို့ အမွေးအမျှင်နည်းပါးသေးသည့် ကိုယ်က ခပ်ချောချောမွတ်မွတ်။

"ခေါင်ကလေး ဘဘိုးချစ်လှိုင်ဆီမှာ ဦးပုညတေးထပ်အ‌ဖြေတွေပါ သင်နေရတယ်လို့ မောင်ကြားတယ်။"

"ဟုတ်တယ် ကိုကိုလေး ဘဘိုးက သာမာန်အဟောတွေမှာ ရှေ့ဖြစ်ဟောဉာဏ်ကို သုံးစရာမလိုအောင် ဒါတွေတတ်မှဖြစ်မယ်ဆိုလို့"

"အဲ့ဒါနဲ့ပဲ အဲ့ဒါတွေသင်ပြီး ကျောင်းက ကောင်မလေးတွေကို ပရောပရီသွားလုပ်နေတယ်ပေါ့"

ဒီကိစ္စကို ကျောင်းက တိုင်လာတုန်းက နေမျိုး ဆရာမကိုမကျေနပ်သလို ဦးစံလှိုင်ကိုလည်း မကျေနပ်ပါ။ ခေါင်ငယ်ကလေးကိုတော့ ခပ်စပ်စပ်ကလေး ရိုက်ပစ်ချင်သည့် စိတ်ရှိ၏။ နေမျိုးလက်ပေါ်ချီပွေ့ထိန်းခဲ့ရသည့် အရင်နှစ်များဆီက ပုံစံကလေးအတိုင်းသာဆို မနာအောင် နှီးဖျားသေးသေးကလေးနှင့် ဆုံးမမိမှာပင်။

" ဒိုးပစ်ရင် လောင်းဖို့ ပိုက်ဆံရတယ်လေ ကိုကိုလေးရဲ့"

ကျက်သွားသည့် အသားတွေကို ကျောက်တုံးကြီးကြီးတစ်ခုပေါ် ပုဆိုးအကောင်းတစ်ခုဖြန့်ခင်း၍ ရေဆေးပြီး အခြောက်လှမ်းထားသော နောက်ကျောက်တုံးတစ်ခုဖြင့် တစ်တုတ်တုတ်ထုရင်း ခေါင်ငယ်က ဖြေသည်။

မောင့်ပင်လယ်နီWhere stories live. Discover now