အခန်း ၂။ ပုံတူပန်းချီ

680 83 14
                                    

တစ်ခုခုကိုတီးခတ်သည့်အသံကြောင့် ကျွန်တော်နိုးလာသည်။ သစ်သားအခေါင်းတစ်ခုကို တုတ်တစ်ချောင်းဖြင့်တီးခတ်သည့်အသံမျိုး။ ဘုန်းကြီးကျောင်းတွေက‌နေ ကြားရတတ်သည့် အုံးမောင်းခေါက်သံလိုလည်း မကျယ်လှပဲ နားနားကပ်၍ တီးနေသလိုမျိုး။ ရီဝေ‌ေဝဖြစ်နေသည့် မျက်ဝန်းများကိုဆွဲဖွင့်လိုက်တော့ ကနုတ်ပန်းတွေစိတ်နေသည့် မျက်နှာကျက်ကို မြင်ရသည်။ ဝါးကျည်တောက်များကို ဆိုင်းထမ်းသဖွယ်ထမ်းထားသော လူ၏ဟန် နှင့် မနီမဝေးမှ ရုပ်လုံးကြွနေသော သမင်ရုပ်များကြောင့် သုဝဏ္ဏသာမ ဇာတ်တော်ကို ပုံဖော်ထားတာမှန်းသိလိုက်၏။ ‌‌ေစာစောက ကြားရသည့်အသံက ဒီအိမ်၏ နှိုးစက်သဘောမျိုး ဖြစ်ဟန်တူသည်။ ထိုအသံတိတ်သွားပြီးသည့်နောက် တိတ်ဆိတ်နေသော အိမ်ကြီးက လမ်းလျှောက်သံ ခြေနင်းသံ ခပ်တိုးတိုးစကားစမြည်သံ တို့ဖြင့်အသက်ဝင်လာ၏။

ကျွန်တော့်အိပ်ရာဘေးမှ ခေါင်းလောင်းအသေးလေးကို ဆွဲချလိုက်သည်။ ကြေးဝါနှင့် ချိတ်ကောက်ထိတွေ့ရာမှ စူးရှရှ အသံထွက်လာခဲ့သည်။ ခဏချင်းမှာပင် မနေ့က ဒေါ်တင်မေခက်မိတ်ဆက်ပေးသော အစေခံမလေး၏ အသံက တံခါးခေါက်သံနှင့်အတူ ပေါ်လာသည်။

"အကိုလေးအတွက် မျက်နှာသစ်ရေလာပို့တာပါ။"

ကျွန်တော်မျက်ခုံးပင့်သွားမိ၏။ မနက်စာစားဖို့လာခေါ်တာလောက်မှတ်ပေမဲ့ မျက်နှာသစ်ရေအထိ လာပို့တာကတော့ ဇီဇာချဲ့လွန်းသည်ဟု ထင်မိသည်။ ပြီးတော့ ခေါင်းလောင်းကိုဆွဲပြီးပြီးချင်း ချက်ချင်းတံခါးခေါက်သံ ထွက်လာတာကလည်း ထူးဆန်း၏။ ဘယ်အချိန်ကတည်းက ဒီမိန်းကလေးက ကျွန်တော့် အခန်း၏တံခါးဝမှာ ရပ်နေခြင်းဖြစ်ပါသနည်း။

စောင်ကိုအသာဖယ်ကာ အခန်းအပြင်သို့ထွက်လိုက်၏။ ငွေဇလုံတစ်ခုကိုကိုင်ကာ တံတောင်ကွေးပေါ်တင်ထားသော တဘက်တစ်ထည်နှင့် ကျွန်တော့်ရှေ့မှာ မငယ်က ရပ်နေသည်။

"ကျေးဇူးတင်ပါတယ်"

ဇလုံကိုအသာမယူလိုက်၏။ နွေးနေသော ရေကြောင့် သေချာစပ်လာတာပဲ ဟု မှတ်ချက်ပြုမိသည်။

"အစ်ကိုလေးနိုးလာတဲ့အခါ စားဖို့ မမကြီးက အကုန်ပြင်ဆင်ပေးသွားပါပြီ။"

မောင့်ပင်လယ်နီWhere stories live. Discover now