》1《

5.4K 238 23
                                    

Unicode

"တင်း​တောင် တင်း​တောင် တင်း​တောင်~~"(ဘဲလ်တီးသံ)

အိမ်ရှေ့တွင်အဆက်မပြတ်မြည်​နေ​သောဘဲလ်သံ​ကြောင့် အ​ရှေ့က laptop
ကိုကြည့်​နေသည့် seokjin၏မျက်လုံးအစုံမှာ အနည်းငယ်ကျုံ့သွားသည်။laptopချကာ အသံကြားရာသို့သွားရန် အိပ်ရာပေါ်မှထလိုက်သည်။နာရီကိုတစ်ချက်ကြည့်မိလိုက်​တော့ ည၁၀နာရီတီးခါနီး~~~

သူအရင်ကဆို ဒီ​လောက်အထိအလုပ်မလုပ်ပါ
မနက်ဖြန် အစည်းအ​ဝေးမှာတင်ပြမယ့် productအ​ကြောင်းစာစီ​နေတာ​ကြောင့်သာ ဒီ​လောက်ထိညဥ့်နက်သွားခဲ့တာ။

Seokjinမှာ "Moon Fashion Company" ၏ CEO တစ်​ယောက်ဖြစ်သည်။မိဘ​တွေဆုံးသွားကတည်းက မိဘ​တွေရဲ့​နောက်ဆုံးအ​​မွေဖြစ်သည့် "Moon Fashion Company" ကို ဆက်လက်ထိန်းသိမ်းရသည်။Seokjin၏ကြိုးစားမှု​တွေ​ကြောင့်လဲ companyမှာ တိုးတက်​အောင်မြင်လာသည်။seokjinဟာလဲ ​အောင်မြင်​သောအငယ်ဆုံး စီးပွား​ရေးလုပ်ငန်းရှင်ဖြစ်လာသည်။

"ဒီအချိန်ကြီးဘယ်သူလာတာပါလိမ့်~~~"

Seokjinအ​ပေါ်မှ​အောက်ထပ်ကိုဆင်းလာ​တော့ မီးခလုတ်​​တွေအားဖွင့်လိုက်ပြီး ​ခြေလှမ်းများက တံခါးရှိရာသို့ဦးတည်လိုက်သည်။

သူတံခါး​ရှေ့​ရောက်လာသည်ထိတိုင်​အောင် ကြား​နေရ​သော ဘဲလ်သံ​ကြောင့် ​အိမ်​ရှေ့ကလူသည် အလွန်ပင်အ​ရေးကြီး​နေသည်ဆိုတာ jinသိလိုက်ပါသည်။
ထို့​ကြောင့် တံခါးအား အလျှင်အမြန်ပင်သူဆွဲဖွင့်လိုက်သည်။

"ဘယ်သူ.....Joon~~"

တံခါးအားဖွင့်လိုက်​သောအခါ မြင်လိုက်ရ​သောသူ​ကြောင့် သူ​တော်​တော်အံ့သြသွားရသည်။

ထိုသူမှာJeon NamJoon(Fic အရ မျိုးရိုး​ပြောင်းထားပါတယ်)
သူ​ခေါ်တာက​တော့ Joon​ပေါ့

joonဟာ သူသိပ်ချစ်ရတဲ့သူ့သူငယ်ချင်း~~ မဟုတ်ဘူး သူသိပ်ချစ်ရတဲ့သူ​ပေါ့
သူငယ်ချင်းဆိုတဲ့စည်းကြားထဲက​နေထွက်ပြီး တိတ်တိတ်​လေးခိုးချစ်​နေရတဲ့သူချစ်တဲ့သူ ချစ်ရသူ အိမ်​ထောင်ကျသွားပြီးကတည်းက သူလဲအရာအားလုံး​မေ့ကာသူ့အလုပ်သူလုပ်​​စေသည်။ က​လေး​လေးပါရ​နေပြီဆိုတဲ့သတင်းကြား​တော့ သူဝမ်းနည်းဝမ်းသာ​ပျော်မိသည်။
ဒီကြားထဲ ချစ်ရသူကို​တော့ သူတရက်မှ​​မေ့မရခဲ့တာ သူသာအသိဆုံးပါ

You are my...?[COMPLETED]Where stories live. Discover now