Unicode
ဟန်မြစ်ကြီးဘေးမှာ စိတ်ကြိုက်ငိုပြီးမှ တခုခုကိုသူသတိရမိလိုက်သည်။
အလျှင်အမြန် နာရီကို ကြည့်လိုက်တော့ ၇နာရီ ၁၅မိနစ်
ခုချိန်ဆို~~~Kim Seokjin ကားကိုအမြန်ပင်မောင်းနေလေသည်။
သူ့စိတ်ထဲမှာ တစ်စုံတစ်ခုကို အရမ်းစိုးရိမ်နေသလို~~~လမ်းတစ်လျှောက်လုံးလဲ အတွေးထဲရောက်နေတာက kookie...
သူအမြန်ပြန်လာခဲ့မယ်လို့ပြောခဲ့တာ
ခုဆို ကလေးသူ့ကိုမျှော်နေရောပေါ့...တောင်းပန်ပါတယ်ကလေးရယ်
တောင်းပန်ပါတယ်...
စိတ်ထဲမှကလေးအားတောင်းပန်နေမိတာ အခါခါ~~~တစ်ဖက်မှာလဲ
Kim Naanaတယောက် ဘေးအိမ်မှ jinအားမျှော်နေလေသည်။
Daeguမှာရောက်နေတဲ့ ယောကျာ်းဖြစ်သူက မိခင်အသည်းအသန်ဖြစ်နေသည်ဟု
အကြောင်းကြားကတည်းက သူ(မ)သွားချင်နေပေမယ့် kookieလေးကို jinကအပ်ထားသည်မို့ ထားခဲ့လို့မရJinဖုန်းနံပါတ်မသိတော့ ဘယ်လိုဆက်သွယ်ရမှန်းမသိ
အိမ်ရှေ့မှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်မှာလဲ နာရီနဲ့ချီနေပြီ...
ခဏကြာတော့ ကားတစီး
မောင်လေးJinပြန်လာပြီထင်တယ်...Jinလဲ ကားအား အလျှင်အမြန်ပင်ပိတ်ပြီး kim naanaဆီပြေး၍လာလေသည်။
"အမ kookieလေးရောဟင်~~~"
"အိပ်နေပြီမောင်လေးရေ...
နေ့ခင်းကတည်းက မင်းကိုမျှော်နေတာ တညနေလုံးငိုနေတာ အနည်းချော့လိုက်ရတယ်..."Kim Naana၏စကားကြောင့် seokjinစိတ်မကောင်းဖြစ်သွားသည်။
"အမလဲမောင်လေးကိုမျှော်နေတာ
အမယောကျာ်းက ခုဏက ဖုန်းဆက်တယ်
Daegu က အမယောက္ခမ ကျန်းမာရေးမကောင်းလို့တဲ့
အမလဲသွားချင်ပေမယ့် kookieလေးကရှိသေးတော့ မောင်လေးကိုစောင့်နေရတာ..""အားနာလိုက်တာအမရာ..
ဒါဆို ကျွန်တော် kookieကိုသွားနိုးလိုက်မယ်နော်..""အေးအေး မာင်လေး
အပေါ်ကိုတက်လိုက်... ညာဖက်ကိုကွေ့လိုက်ရင် အခန်းတခန်းတွေ့လိမ့်မယ် အဲ့အခန်းသိလား အမမလိုက်တော့ဘူးနော် အထုပ်တွေပြင်လိုက်အုံးမယ်.."